HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

NLD ပါတီကစည်းရုံးရေးအတွက် နိုင်ငံပိုင်ငွေကြေးသုံးစွဲတယ်ဆိုတဲ့ သတင်းအမှား

NLD ပါတီအနေနဲ့ ရွေးကောက်ပွဲစည်းရုံးရေးလုပ်ရာမှာ နိုင်ငံပိုင်ငွေးကြေးတွေသုံးစွဲခဲ့ပြီး တခြားငွေကြေးခေါင်းပုံဖြတ်မှုများလည်း ပြုလုပ်ခဲ့တယ်ဆိုတဲ့ရေးသားဖြန့်ဝေနေမှုတွေဒီရက်ပိုင်းထဲပျံ့နှံ့ခဲ့ပါတယ်။

By - Boom Live Myanmar | 30 Dec 2020 8:04 AM GMT

အခုထွက်ပေါ်နေတဲ့ သတင်းမှားထဲမှာ "NLD ပါတီအနေနဲ့ နိုင်ငံတော်ပိုင် ငွေကြေးတွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးအဆင့်အထိ အဆင့်ဆင့်ခေါင်းပုံဖြတ်နေကြောင်း၊ ရွေးကောက်ပွဲမှာ ပြည်သူတွေကို ငွေနဲ့ စည်းရုံးရေးဆင်းပြီး မိမိပါတီမဲရရေး အတွက် နိုင်ငံပိုင်ငွေကြေးမှ မြို့နယ် ၂၃ မြို့နယ်အား သိန်း ၉ သောင်းကျော် သုံးစွဲခဲ့ကြောင်း၊ နိုင်ငံတော် အတိုင်ပင်ခံရုံးမှာ နိုင်ငံခြားသား အကြံပေး ၉၀ ကျော် ခေါ်ယူထားခြင်းမှာ မိမိရဲ့ အိမ်တွင်းရေးကို ကမ္ဘာသိအောင်ဖေါ်ပြနေခြင်းဖြစ်ကြောင်း" ရေးသား ဖြန့်ဝေနေတာပါ။ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ခုရေးသားဖြန့်ဝေနေတဲ့ စွပ်ဆွဲချက်တွေဟာ မှားယွင်းနေပြီး သတင်းအမှားတွေသာဖြစ်တယ်ဆိုပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) က ဒီဇင်ဘာလာ ၂၆ ရက်နေ့ နေ့လည်ပိုင်းက ကြေငြာထားပါတယ်။


UEC ရဲ့ ကြေငြာချက်ကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

နောက်ထပ် ဒီသတင်းမှာ ပါတဲ့ နိုင်ငံတော် အတိုင်ပင်ခံရုံးမှာ နိုင်ငံခြားသား အကြံပေး ၉၀ ကျော် ခေါ်ယူထားတယ်ဆိုတာကို BOOM က သတင်းဆန်းစစ်ချက် ပြုလုပ်ပြီးဖြစ်ပြီး အောက်တိုဘာလ ၁၉ ရက်နေ့က ဖော်ပြပြီးဖြစ်ပါတယ်။


နိုင်ငံတော်သမ္မတရုံးမှာ အကြံပေးပုဂ္ဂိုလ် ၄ ဦး ခန့်အပ်ထားပြီး ဥပဒေဆိုင်ရာ အငြိမ်းစား ဝန်ထမ်း ကို ဥပဒေရေးရာ အကြံပေး၊ နိုင်ငံခြားရေးရာအငြိမ်းစား ဝန်ထမ်းတစ်ဦးကို နယ်စပ်ဆိုင်ရာ အကြံပေးနဲ့ ရခိုင်ပြည်နယ် နယ်/လုံ ဝန်ကြီးဟောင်း တစ်ဦးကို ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးအဖြစ် ခန့်အပ်ထားသာဖြစ်တယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောဆိုထားပါတယ်။ BOOM မှာ ဖော်ပြခဲ့တဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

Related Stories