HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

တရုတ်လူမျိုးအားလုံး ဖမ်းဖို့ စစ်တပ်က အမိန့်ပေးတယ်ဆိုတဲ့ သတင်းမှား

ရှမ်းပြည်မြောက်ပိုင်း အရေးနဲ့ ပတ်သက်ပြီး စစ်ကောင်စီနဲ့ တရုတ်တို့အကြား ပြဿနာတက်နေတဲ့အတွက် တရုတ်လူမျိုးအားလုံး ဖမ်းဖို့ စစ်တပ်က အမိန့်ပေးတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 18 Jun 2025 11:26 AM IST

ဒီအကြောင်းအရာကို Mandalay khitThit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဇွန်လ ၁၆ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန်၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ'တရုတ်လူမျိုးအားလုံး ဖမ်းမိန့်ပေး။ ရှမ်းမြောက်ကိစ္စ တရုတ်နဲ့ စကစ ပြဿနာတက်နေ။ ရန်ကုန်၊ မန္တလေးမှာ တရုတ်အားလုံး စစ်တပ်က ဖမ်းဆီးရိုက်နှက်' လို့ ရေးသားထား တာပါ။

ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

ဆန်းစစ်ချက်

တရုတ်လူမျိုးအားလုံး ဖမ်းဖို့ စစ်တပ်က အမိန့်ပေးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Khit Thit Media မှာ ဇွန်လ ၁၆ ရက်နေ့က ဖော်ပြထားတဲ့ 'မူဆယ် ၁၀၅ မိုင်တွင် မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့ က ထိန်းချုပ် အခွန်ကောက်ခံနေမှုကို မင်းအောင်လှိုင်နှင့်ဗိုလ်ချုပ်များက ကျေနပ်မှုမရှိသော်လည်း တရုတ်၏ ဖိအားကြောင့် ဘာမှ လုပ်မရဟုဆို' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

သတင်းထဲမှာ တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ စစ်ကောင်စီက ကိုးကန့် MNDAA နဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေး သဘောတူညီ ခဲ့ရာမှာ လားရှိုးမြို့ အပါအဝင် MNDAA က သိမ်းပိုက်ထားတဲ့ နယ်မြေတချို့ကို ပြန်လည်ပေးအပ်ရေး ၊ MNDAA ရဲ့ ထိုးစစ်တွေရပ်တန့်ရေး၊ ရောက်ရှိတဲ့နေရာမှာ အပစ်အခတ်များရပ်စဲပြီး နယ်စပ်ကုန်သွယ်ရေးပြန်လည် ဖွင့်လှစ်ရေး အကြောင်းအရာတွေ ပါဝင်ခဲ့ကြောင်း၊ ဆွေးနွေးမှုထဲမှာ MNDAA က သိမ်းပိုက်ထားတဲ့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် အပါအဝင် နယ်မြေတွေကို စစ်ကောင်စီက ပစ်ခတ်တိုက်ခိုက်မှုတွေ မလုပ်ဖို့လည်း ပါဝင်ခဲ့ကြောင်း သိရှိရတယ်။ သို့ပေမယ့်

စစ်ကောင်စီက တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးအတွက် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ထိန်းချုပ်ထားတဲ့ မူဆယ် ၁၀၅ မိုင် ကုန် သွယ်ရေးဇုန်လမ်းကြောင်းနဲ့ ကျင်းစန်းကျော်ဂိတ်ကို ကုန်တင်ယာဉ်များနှင့် နယ်စပ်ကုန်သည်များ အသုံးမပြုနိုင်အောင် နည်းလမ်းမျိုးစုံနဲ့ တားဆီးနိုင်ပြီး ယခု စစ်ကောင်စီက ဆောင်ရွက်နေတဲ့ တရားမဝင်ကုန်ပစ္စည်းတွေ ဖမ်းဆီးနေတာတွေဟာ ယင်းကိစ္စတွေနဲ့ ဆက်စပ်နေတယ်ဆိုတဲ့အကြောင်း ရေးသားထားတာပါ။

ဒီသတင်းထဲမှာ တရုတ်လူမျိုးအားလုံး ဖမ်းဖို့ စစ်တပ်က အမိန့်ပေးတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။

Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories