HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးဖို့ ခေါ်ထားတယ်ဆိုတဲ့ သတင်းအမှား

နိုင်ငံရေးထွက်ပေါက်ပိတ်နေသော စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည်ကို ဆွေးနွေးဖို့ ခေါ်ထားတဲ့ သတင်းပေါက်ကြားတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 25 April 2024 12:03 PM GMT

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Mandalay Khit Thit ဆိုတဲ့ Youtube ချန်နယ်မှာ ဧပြီ ၂၂ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာဖြစ်ပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၁၂ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'မင်းအောင်လှိုင် ထွက်ပေါက်ရှာပြီ။ ဒေါ်စုကို သီးသန့်ဆွေးနွေးဖို့ ခေါ်ထားကြောင်းပေါက်ကြား။ အာဏာခွဲဝေဖို့ စီစဉ်နေ' လို့ ရေးသားထားတာပါ။

ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ တစ်သိန်းနီးပါး ရှိနေပါတယ်။

ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

မင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည်ကို ဆွေးနွေးဖို့ ခေါ်ထားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ Myanmar Now သတင်းဌာနမှာ ဧပြီလ ၂၁ ရက်နေ့က ဖော်ပြထားတဲ့ 'ဒေါ်အောင်ဆန်းစုကြည် (သို့) မင်းအောင်လှိုင်၏ ဓားစာခံ အကျဉ်းသား' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။


Myanmar Now သတင်းဌာနက ဖော်ပြထားတဲ့ သတင်းဆောင်းပါးဟာ ဆောင်းပါးရှင် သုတဇော် ရေးသားထားတဲ့ လေ့လာ သုံးသပ်ချက် ဆောင်းပါးသာဖြစ်ပြီး သူရေးသားထားတဲ့ အကြောင်းအရာတွေဟာ ထင်မြင်ယူဆချက်အနေနဲ့ ထည့်သွင်းရေးသား ထားတာပါ။

ဆောင်းပါးရှင်က ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်ရဲ့ နိုင်ငံရေးထွက်ပေါက် ဖြစ်နိုင်သေးသလားလို့ ဆိုကာ သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရာသီဥတုပြင်းထန်မှု အကြောင်းပြချက်နဲ့ လက်ရှိချုပ်နှောင်ထားတဲ့ နေရာအသီးသီးကနေ အခြားနေရာတွေကို ရွှေ့ပြောင်းချုပ်နှောင်တဲ့ ဖြစ်စဉ်ဟာ အခြေအနေ နှစ်မျိုးကြောင့် ဖြစ်နိုင်ကြောင်း၊ ပထမ တစ်မျိုးမှာ စစ်တပ် ခေါင်းဆောင်မှုပိုင်း အကျပ်အတည်းကို အာရုံလွှဲတဲ့ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ သတင်းကို ထုတ်လိုက်တာဖြစ်ကြောင်း၊ ဒုတိယ တစ်မျိုးမှာ ခေါင်းဆောင်မှု အကျပ်အတည်းနဲ့ နိုင်ငံရေး ထွက်ပေါက်ပိတ်နေတဲ့ စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ နောက်ဆုံး ရွေးချယ်တာ ဖြစ်နိုင်ကြောင်း စတဲ့ အချက်အလက်တွေကို အခြေခံပြီး သူ့ရဲ့ အတွေးအမြင်နဲ့ ပေါင်းစပ် သုံးသပ်ထားတာသာ ဖြစ်ပါတယ်။

ဒီဆောင်းပါးပါ အကြောင်းအရာအတွေဟာ ဆောင်းပါးရှင်ရဲ့ ထင်မြင်ယူဆချက်သာ ဖြစ်ပါတယ်။

Myanmar Now သတင်းဌာနက ဖော်ပြထားတဲ့ သုံးသပ်ချက်ဆောင်းပါးကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

Related Stories