HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

စစ်ကောင်စီအထူးလေယာဉ် ပျက်ကျတယ်ဆိုတဲ့ သတင်းအမှား

နေပြည်တော် အေလာ လေတပ်စခန်းက ထွက်လာတဲ့ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးလိုက်ပါလာတဲ့ အထူးလေယာဉ် ပျက်ကျတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 24 Sept 2025 8:02 PM IST

ဒီအကြောင်းအရာကို Khit Thit Telecon ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ စက်တင်ဘာ ၂၁ ရက်နေ့ ညပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'အထူးသတင်းကောင်း။ စကစ အထူးလေယာဉ်ပျက်ကျ။ နေပြည်တော် အေလာ လေတပ်စခန်းမှ အောင်လင်းဒွေးစီးလာတဲ့လေယာဉ်ပျက်ကျမီးလောင်' လို့ ရေးသားထားပါတယ်။

ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

စစ်ကောင်စီအထူးလေယာဉ် ပျက်ကျတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ အကြောင်းအရာဟာ SHAN News သတင်းဌာနမှာ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၇ ရက်နေ့က ဖြန့်ဝေထားတဲ့ ခြောက်လုံးတန်း 'တောင်ခမ်းသို့ စစ်ကူပို့သည့် စစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရ၊ စစ်ကားတစ်စီး လက်နက်ကြီးထိမှန် ပျက်စီး' ဆိုတဲ့ ဆောင်းပါးကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

ဒီသတင်းထဲမှာ ရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် ကျောက်ဂူ ဘက်ကနေ နောင်ချိုမြို့နယ်၊ တောင်ခမ်း တိုက်ပွဲကို စစ်ကူပို့တဲ့ စစ်တပ်ယာဉ်တန်းကို တော်လှန်ရေးတပ်ဖွဲပတွေ ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ အကြောင်း ရေးသားထားတာပါ။

ဒီသတင်းထဲမှာ နေပြည်တော် အေလာ လေတပ်စခန်းက ထွက်လာတဲ့ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးလိုက်ပါလာတဲ့ အထူးလေယာဉ် ပျက်ကျတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြားယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။

SHAN News သတင်းဌာနမှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories