HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

အကျဉ်းသား ကိုးထောင်ကျော် လွှတ်ပေးတယ်ဆိုတဲ့ သတင်းအမှား

သတင်းကျွတ်ကာအ အထိမ်းအအှတ်အဖြစ် အကျဉ်းသား ၉၀၀၀ ကျော် လွတ်လာပြီဆိုပြီး ရေးသားဖြန့်ဝေထားတဲ့အကြောင်းအရာတွေ သတင်းအမှားသာ ဖြစ်ပါတယ်။

By - Boom Live Myanmar | 11 Oct 2022 12:35 PM GMT

ဒီသတင်းအမှားကို အောက်တိုဘာလ ၉ ရက်နေ့ ညပိုင်းမှာ သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ 'အချက်အလက်အစစ်အမှန်' ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး သတင်းမှားဖြန့်ဝေနေတဲ့ အခြားဖေစ့်ဘွတ်ပေချ့်တွေကလည်း ထပ်မံဖြန့်ဝေနေမှုတွေ ရှိနေပါတယ်။ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ်နီးပါးရှိတဲ့ ဗွီဒီယိုဖိုင်နဲ့အတူ 'အကျဉ်းသားများ လွှတ်ပေးနေဟု တပ်ချုပ်ကြေညာ' လို့ ရေးသားဖြန့်ဝေထားတာပါ။ ဗွီဒီယိုဖိုင်ရဲ့ ကာဗာမှာတော့ 'လပြည့်နေ့ အကျဉ်းသား ၉၀၀၀ ကျော် လွတ်လာပြီ' လို့လည်း ရေးသားထားပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

လပြည့်နေ့မှာ အကျဉ်းသားတွေ လွှတ်ပေးတယ်ဆိုတဲ့ သတင်းမျိုးဟာ အချိန်ကိုက်ဖြစ်ပြီး လူစိတ်ဝင်စားမှု များတဲ့အတွက် ထပ်ဆင့်ဖြန့်ဝေမှု အများအပြားရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

လပြည့်နေ့မှာ အကျဉ်းသား ၉၀၀၀ ကျော် လွတ်တယ်ဆိုပြီးဖြန့်ဝေနေတာတွေဟာ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားပဲ ဖြစ်ပါတယ်။ အကျဉ်းသား ၉၀၀၀ ကျော် လွတ်တယ်ဆိုတဲ့ သတင်းကို ယုံကြည်စိတ်ချရတဲ့ မည်သည့် သတင်းဌာနတွေမှာမှ ဖော်ပြထားတာ မရှိသလို စစ်ကောင်စီကလည်းကြေငြာထားတာမရှိပါဘူး။

ခုဖြန့်ဝေမှုမှာပါတဲ့ ဗွီဒီယိုဖိုင်ကို ဝင်ကြည့်ရင် အကျဉ်းသားတွေ လွှတ်ပေးတယ်ဆိုတဲ့ အကြောင်းအရာ တခုမှပါဝင်ခြင်းမရှိပဲ ဒါရိုက်တာ ကိုပေါက်ရိုက်ကူးထားတဲ့ "မသောက်မိသောမိုးခါးရေ" ဆိုတဲ့ တော်လှန်ရေးရုပ်ရှင်အကြောင်း ပြောဆိုနေတဲ့ အသံဖိုင်ကို နောက်ခံအနေနဲ့ ထည့်သွင်းထားတာ ဖြစ်ပါတယ်။

ဒီဖေ့စ်ဘွတ်ပေ့ချ်တွေမှာ ဖြန့်ဝေနေတာတွေဟာ Clickbait နဲ့ ဝင်ငွေရှာဖို့ လူမှုကွန်ယက်ပေါ် Like များအောင် ဖန်တီး ဖြန့်ဝေနေတာဖြစ်ပြီး သူတို့ကိုယ်တိုင် စုံစမ်း မေးမြန်းရေးသားထားတဲ့အကြောင်းအရာတွေမရှိပါဘူး။

Related Stories