HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

NUG က ငွေစက္ကူအတုတွေ ထုတ်လုပ်နေတယ်ဆိုတဲ့ သတင်းအမှား

အမျိုးသားညီညွတ်ရေးအစိုးရ NUG က PDF တွေကို ထောက်ပံ့ဖို့ ငွေစက္ကူအတုတွေ ထုတ်လုပ်နေတယ်ဆိုတဲ့ သတင်းအတုတွေ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 19 March 2022 4:38 PM GMT

အဆိုပါ သတင်းအမှားကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ရွှေဖီမြေဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဖြန့်ဝေထားတာ ဖြစ်ပြီး သတင်းအမှားရဲ့ ခေါင်းစဉ်မှာ "NUG အကြမ်းဖက်များမှ ငွေစက္ကူအတုများထုတ်လုပ်ခြင်းဆောင်ရွက်နေ" ဆိုပြီးတော့ရေးးသားထားပါတယ်။ သတင်းအမှားရဲ့ အတွင်းမှာတော့ "NLD ပါတီမှ တောခိုပြီး ဒုက္ခရောက်နေသည့် PDF များအား ထောက်ပံ့ရန် ငွေးကြေးလုံးလောက်မှုမရှိသည့်အပြင် အလှုငွေများကောက်ခံရရှိမှုနည်းပါလာသည့်အတွက် ငွေစက္ကူအတုများထုတ်ပြီး မြန်မာ့ငွေကြေးအားဖျက်စီးနေ အဆိုပါ ငွေကြေးအတု ထုတ်လုပ်သည့်နေရာဟာ KNLA တပ်မဟာ (၅) ဧရိယာအတွင်းမှာရှိနေပြီး ငွေစက္ကူအတုများ ဆက်တိုက်ထုတ်လုပ်နေကြောင်းသိရပါတယ်" လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာဒီနေရာဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။

အဆိုပါ သတင်းအမှားကို စစ်ကောင်စီကို ထောက်ခံအားပေးကြောင်း ရေးသားနေတဲ့ တယ်လီဂရမ် ချန်နယ်တွေ ဖေ့စ်ဘွတ်အကောင့်တု ရာပေါင်းများစွာနဲ့ လူမှုကွန်ယက်ပေါ် ဖြန့်ဝေနေကြပါတယ်။

သတင်းဆန်းစစ်ချက်

NUG က PDF တွေ ထောက်ပံ့ဖို့ KNU တပ်မဟာ ၅ နယ်မြေမှာ ငွေစက္ကူအတုတွေ ထုတ်လုပ်နေတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းအမှားဖြစ်တာကို တွေ့ရပါတယ်။

NUG ဟာ PDF တွေ ထောက်ပံ့ဖို့ ငွေတိုက်စာချုပ် ရောင်းချပြီး ရန်ပုံငွေ ရှာနေဖွေနေသလို နိုင်ငံတကာရောက် မြန်မာတွေနဲ့ ပြည်တွင်းနေထိုင်သူတွေရော NUG ထံ လစဉ် ထောက်ပံ့လှူဒါန်းတဲ့လုပ်ငန်းစဉ်တွေကို လက်ရှိမှာစီမံနေပါတယ်။ ွှာဏာသိမ်းပြီးနောက်ပိုင်းကတည်းက ပြပြည်တွင်းမှာ ငွေကြေးလည်ပတ်စီးဆင်းမှုပြသနာတွေနဲ့အတု ငွေတုပြသနာတွေလည်းပေါ်ထွက်လာနေပါတယ်။ ငွေတု ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသူတွေဟာ ပြည်တွင်းမှာ ဖေ့စ်ဘွတ် Page တွေကတဆင့် အရောင်းအဝယ်လုပ်ဖို့ပေါ်ပေါ်ထင်ထင်ကြေငြာလာတာတွေရှိနေပါတယ်။ လက်ရှိဖြန့်ဝေနေတဲ့အကြောင်းအရာထဲမှာ NUG က ငွေတုတွေထုတ်လုပ်နေတယ်လို့ စွပ်ဆွဲရေးသားမှုတွေပါဝင်ပေမယ့် အချက်အလက်မထောက်အထားတွေတော့ ထည့်သွင်းရေးသားထားခြင်းမရျိပါဘူး။

သတင်းအမှားထဲမှာ ရေးသားထားတဲ့ KNU တပ်မဟာ ၅ နယ်မြေမှာ ငွေတုတွေ ထုတ်လုပ်နေတယ်ဆိုတဲ့ အကြောင်းအရာကို Mizzima သတင်းဌာနက တပ်မဟာ( ၅ )ပြောခွင့်ရရှိသူ ပဒိုမင်းမင်းထံ ဆက်သွယ် မေးမြန်းထားပြီး ဒီသတင်းအပေါ်ပဒိုမင်းမင်းကရှင်းလင်းပြောဆိုထားပါတယ်။


Mizzima သတင်းဌာန က အဆိုပါ ငွေတု ကိစ္စ အကြောင်းရေးသားထားတဲ့ သတင်းကို ဒီနေရာမှာ ဖတ်ပါ။


Related Stories