HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

စစ်ကိုင်းတိုင်းကို NUG အစိုးရ ထိန်းချုပ်လိုက်ပြီဆိုတဲ့ သတင်းအမှား

အမေရိကန်မှ လက်နက်တွေ ပို့ပေးပြီ၊ စစ်ကိုင်းတိုင်းကို NUG အစိုးရ ထိန်းချုပ်လိုက်ပြီ ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 16 July 2022 2:05 PM GMT

ဒီအကြောင်းအရာကို Top Fan News ဆိုတဲ့ သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဇူလိုင်လ ၁၁ ရက်နေ့က စတင်ဖြန့်ဝေနေတာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေနေမှုတွေလည်း ရှိနေပါတယ်။

ဒီသတင်းမှားကို "စစ်ကိုင်းတိုင်းကို NUG အစိုးရ ထိန်းချုပ်လိုက်ပြီ။ အမေရိကန်မှ လက်နက်တွေ ပို့ပေးပြီ။ မအလ ရှုံးပြီး စစ်ဘီလူးတွေ ပြေးကုန်ပြီဗျို့" လို့ ရေးသားထားတဲ့ ကာဗာပုံနဲ့အတူ ၅ မိနစ်ကျော် ကြာချိန်ရှိတဲ့ ဗွီဒီယိုဖိုင်နဲ့အတူ ဖြန့်ဝေထားတာပါ။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဒီအကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံ ရေးသားထားတဲ့ သတင်းအမှားဖြစ်တာကို တွေ့ရပါတယ်။

ဒီအကြောင်းအရာကို စတင်ဖြန့်ဝေတဲ့ Top Fan News ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်ဟာ သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ ပေချ့်ဖြစ်ပြီး Clickbait နဲ့ ဝင်ငွေရှာဖို့ လူမှုကွန်ယက်ပေါ် Like များအောင် လုပ်ကြံသတင်းများစွာ နေ့စဉ် ဖြန့်ဝေလေ့ရှိတာ တွေ့ရပါတယ်။

ဖြန့်ဝေနေတဲ့ ကာဗာပုံမှာ "စစ်ကိုင်းတိုင်းကို NUG အစိုးရ ထိန်းချုပ်လိုက်ပြီ။ အမေရိကန်မှ လက်နက်တွေ ပို့ပေးပြီ။ မအလ ရှုံးပြီး စစ်ဘီလူးတွေ ပြေးကုန်ပြီဗျို့" လို့ လုပ်ကြံဖန်တီးရေးသားထားပေမယ့် ဗွီဒီယိုဖိုင်ထဲက သတင်းမှာတော့ သတင်းဌာနတွေမှာ ဖော်ပြထားပြီးဖြစ်တဲ့ စစ်ကိုင်းတိုင်းက အုပ်ချုပ်ရေးမှူးတွေကို ၁၀ ရက်အတွင်း တာဝန်ကရပ်နားဖို့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ အသီးသီးက သတိပေးဆိုတဲ့ သတင်းတွေကို စုပေါင်းပြီး နောက်ခံစကားပြောနဲ့ ပြန်လည်တင်ဆက်ထားတာ ဖြစ်ပါတယ်။


ဒီသတင်းတွေထဲမှာ "စစ်ကိုင်းတိုင်းကို NUG အစိုးရ ထိန်းချုပ်လိုက်တယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အမေရိကန်မှ လက်နက်တွေ ပို့ပေးတယ်ဆိုတဲ့ အချက်နဲ့ မအလ ရှုံးပြီး စစ်ဘီလူးတွေ ပြေးကုန်တယ်ဆိုတဲ့ အချက်လည်း ပါဝင်ခြင်း မရှိပါဘူး။

သတင်းဌာနတွေမှာ ဖော်ပြခဲ့တဲ့ အချို့သတင်းတွေမှာတော့ ရွှေဘိုခရိုင်အတွင်းက မြို့နယ် ၆ မြို့နယ်ရဲ့ ရဲစခန်းတည်ရှိရာ မြို့ပေါ်ကလွဲရင် ကျန်နေရာအများစုကို ဒေသခံကာကွယ်ရေးတပ်တွေက စိုးမိုးထားနိုင်ပြီလို့ ရေးသားထားပါတယ်။သတင်းဌာနတွေမှာ ဖော်ပြခဲ့တဲ့ မူရင်းသတင်းတွေကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

Related Stories