HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ရန်ကုန်မှာ တင့်နဲ့သံချပ်ကားရှစ်ဆယ်ကျော်ဖြန့်ကျက်ထားတယ်ဆိုတဲ့ သတင်းအမှား

ရန်ကုန်မြို့တစ်ခုတည်းမှာ တင့်နဲသံချပ်ကား အစီး ၈၀ ဖြန့်ကျက်ထားတယ်ဆိုတဲ့ ဖြန့်ဝေမှုနဲ့အတူအများပြည်သူ အထိတ်တလန့်ဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိ လိမ်လည်ရေးသားဖြန့်ဝေနေမှုတွေ လူမှုကွန်ရက်ပေါ်ပျံ့နှံ့ခဲ့ပါတယ်။

By - Boom Live Myanmar | 31 Jan 2021 5:29 AM GMT

ဒီသတင်းမှားကို 'မျိုးဝင်း' ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်က ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေပိုင်းမှာ ရေးသားဖြန့်ဝေခဲ့တာဖြစ်ပြီး အချိန်တိုအတွင်း ပြန်လည်ဖြန့်ဝေသူ တစ်ထောင်တစ်ရာကျော် ရှိနေပါတယ်။

ရေးသားမှုထဲမှာ "ရန်ကုန်မြို့ဆီကို တင့်နဲ့ သံချပ်ကာ အစီး ၈၀ ထပ်ရောက်လာကြောင်း၊ နေပြည်တော်မှာ တင့် နဲ့ သံချပ်ကာတွေ တပ်ဖြန့်ထားလိုက်ပြီဖြစ်ကြောင်း၊ ဆက်သွယ်ရေး တာဝါတိုင်များ ဆက်သွယ်ရေး ရုံးချုပ်ကို တပ်မတော်ကစောင့်ကြပ်နေကြောင်း နဲ့ အမတ်တွေ နေကြတဲ့ စည်ပင်မှာ ရဲ များသာမက တပ်မတော်သားများပါ တင်းကြပ်စွာ စောင့်ကြည့်ချုပ်ကိုင်ထားပြီဖြစ်ကြောင်း" ရေးသားဖြန့်ဝေထားတာပါ။

ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

အစိုးရ၊ တပ်မတော်နဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကြား တင်းမာမှုတွေ ဖြစ်ပေါ်ခဲ့တာကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းပြုလုပ်ခဲ့တဲ့ တပ်မတော်ရဲ့ သတင်းစာရှင်းလင်းပွဲတခုမှာ လက်ရှိအခြေအနေတွေအရ တပ်မတော်က အာဏာ မသိမ်းဘူးလို့ ပြောလို့ ရမလားဆိုတဲ့ သတင်းထောက်တယောက်ရဲ့ မေးခွန်းကို တပ်မတော်ရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက"မရပါဘူး"လို့ ပြန်လည်ဖြေကြားအပြီး အခုလို တပ်မတော်က အာဏာသိမ်းတော့မယ်ဆိုတဲ့ ရေးသားပြောဆိုမှုတွေရှိခဲ့တာပါ။

ဒါ့အပြင် ဇန်နဝါရီလ ၂၇ ရက်နေ့မှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေးစားလိုက်နာဖို့၊ ဥပဒေကို မလေးစား မလိုက်နာရင် အဆိုပါ ဥပဒေကို အသုံးပြုရန် မလိုတော့သဖြင့် ဖျက်ပစ်ရမယ်လို့ ပြောဆိုခဲ့ခြင်းကလည်း စစ်တပ်က အာဏာသိမ်းတော့မလားဆိုတဲ့ စိုးရိမ်မှုတွေပါဖြစ်ပေါ်စေခဲ့ပါတယ်။

ဒီစိုးရိမ်မှုတွေနဲ့ ပါတ်သတ်ပြီး တပ်မတော်က "၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မလေးစား၊ မလိုက်နာပါက အဆိုပါဥပဒေကို အသုံးပြုရန် မလိုတော့သဖြင့် ဖျက်ပစ်ရမည်ဖြစ်ကြောင်း" ပြောကြားချက်ဟာ အခြေခံဥပဒေရဲ့ သဘောကို နားလည် သဘောပေါက်စေဖို့ ဆွေးနွေးပြောကြားခြင်းသာ ဖြစ်ကြောင်းနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပြောကြားချက်အပေါ် တချို့အဖွဲ့အစည်းတွေနဲ့ မီဒီယာတွေက ၂၀၀၈ အခြေခံဥပဒေကို ဖျက်သိမ်းလိမ့်မယ်ဆိုပြီး လိုရာဆွဲ ရေးသားပြောဆိုချက်တွေ ရှိလာတဲ့အတွက် ယခုလို ရှင်းလင်း ထုတ်ပြန်တာဖြစ်ကြောင်း ဇန်နဝါရီလ ၃၀ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် တပ်မတော်အနေနဲ့ တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို ကာကွယ်စောင့်ရှောက်ပြီး ပြဋ္ဌာန်းထားတဲ့ ဥပဒေဘောင်အတွင်းကသာ ဥပဒေနဲ့အညီဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။


ထုတ်ပြန်ချက်ကို တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ရဲ့ ဖေစ့်ဘွတ်စာမျက်နှာမှာ ဖော်ပြထားပြီး ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

နေပြည်တော်က အမတ်တွေ နေကြတဲ့ စည်ပင်ရိပ်သာဝင်းမှာ ရဲ တွေ သာမက တပ်မတော်ကပါ တင်းကြပ်စွာ စောင့်ကြည့်ချုပ်ကိုင်ထားပြီ ဆိုတာမှာလည်း ကိုဗစ် Quarantine ကြောင့် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ အပြင်ထွက်လို့ မရတာ ဖြစ်တယ်လို့ လက်ရှိ နေပြည်တော်စည်ပင်ရိပ်သာအတွင်း လွှတ်တော်အစည်းအဝေးတက်ဘို့ ရောက်ရှိနေတေဲ့ ဖရူဆိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဒီးဒီက Khit Thit Media သတင်းဌာနရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေကြားထားတာ တွေ့ရပါတယ်။


သူ့ရဲ့ ဖြေကြားချက်မှာ ကိုဗစ် Quarantine ကြောင့်လို့သာ ဖြေကြားထားတာဖြစ်ပြီး တခြားအကြောင်းအရာနဲ့ သက်ဆိုင်မှု ရှိမနေပါဘူး။ သတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

Related Stories