HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ကွယ်လွန်သူ မလုံမငြိမ်းချမ်းရဲ့ ခင်ပွန်း ပုသိမ်အကျဉ်းထောင်ထဲမှာ သတ်သေတယ်ဆိုတဲ့ သတင်းအမှား

ကွယ်လွန်သူ မလုံမငြိမ်းချမ်းရဲ့ အမျိုးသား ဦးကျော်လှမိုးဟာ ပုသိမ်အကျဉ်းထောင်အတွင်းမှာ မိမိကိုယ်ကို သတ်သေဖို့ ကြိုးစားပြီး ဆေးရုံတင်ထားရတယ်ဆိုတဲ့အကြောင်းအရာတွေကို လူမှုမီဒီယာတွေပေါ် မှာလိမ်ညာဖြန့်ဝေမှုတွေရှိခဲ့ပါတယ်။

By - Boom Live Myanmar | 8 April 2022 4:54 PM GMT

ဒီအကြောင်းအရာကို ဧပြီလ ၅ ရက်နေ့မှာ စတင်ဖြန့်ဝေနေတာ ဖြစ်ပြီး "ဇနီးဖြစ်သူ၏ အသုဘ ပို့ရန် ခွင့်ပြုချက် မရသဖြင့် မိမိကိုယ်ကို သတ်သေရန် ကြိုးပမ်းမှု တစ်ခု ပုသိမ် အကျဉ်းထောင်အတွင်းတွင် ဖြစ်ပွာခဲ့ကြောင်း၊ ပုသိမ်အကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသား ဦးကျော်လှမိုးဟာ ဇနီးသည် လုံမငြိမ်းချမ်းရဲ့ အသုဘပို့သွားဖို့ တောင်းဆိုရာ ခွင့်ပြုချက်မရတဲ့အတွက် မိမိကိုယ်ကို သေကြောင်းကြံ ခဲ့ကြောင်း၊ အသက်မသေသော်လည်း ဆေးရုံတင်ထားရတယ်လို့ အကျဉ်းဦးစီးဌာနနဲ့ နီးစပ်သူတွေက အတည်ပြုကြောင်း" ရေးသား ဖြန့်ဝေနေတာပါ။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

နိုင်ငံရေးအကျဉ်းသား ဦးကျော်လှမိုးရဲ့ ဇနီး မလုံမငြိမ်းချမ်းဟာ ဧပြီ ၂ ရက် မနက်အစောပိုင်းမှာ ပုသိမ်မြို့နေအိမ်မှာ အဆိပ်သောက် သေဆုံးခဲ့ကြောင်း သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။ သူမရဲ့ ခင်ပွန်း ဦးကျော်လှမိုးကို ပုသိမ်အကျဉ်းထောင် အထူးတရားရုံးကနေ စစ်ပုန်ကန်မှု၊ နိုင်ငံမငြိမ်မသက် ဖြစ်ရန် မမှန်သတင်းဖြန့်မှု ၅၀၅ (က)နဲ့ ဧပြီ ၁ ရက်နေ့မှာ ထောင်ဒဏ် ၂ နှစ်ချမှတ်ထားခဲ့တာပါ။

သတင်းဆန်းစစ်ချက်

ကွယ်လွန်သူ မလုံမငြိမ်းချမ်းရဲ့ ခင်ပွန်း ဦးကျော်လှမိုးဟာ ပုသိမ်အကျဉ်းထောင်ထဲမှာ ကျန်းကျန်းမာမာရှိနေကြောင်း၊ ထောင်ဆေးရုံတက် နေရတယ်ဆိုတဲ့ အချက်ဟာလည်း မှားယွင်းကြောင်းနဲ့ ခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေသာ ဖြစ်တယ်ကြောင်း မိသားစုဘက်က တုံ့ပြန်ဖြေကြားထားတယ်လို့ ဘီဘီစီသတင်းဌာနမှာ ဧပြီ ၅ ရက်နေ့ ညပိုင်းမှာ ဖော်ပြထားပါတယ်။


သတင်းအပြည့်အစုံကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

Related Stories