သတင်းအတု

သမ္မတဦးဝင်းမြင့်အပါအဝင် ခေါင်းဆောင်တွေ အသတ်ခံရတယ်ဆိုတဲ့ သတင်းအမှား

သမ္မတဦးဝင်းမြင့်ကို အကျဉ်းထောင်တွင်း သတ်လိုက်ပြီဆိုတဲ့ သတင်းအပါအဝင် ခေါင်းဆောင်တွေ အသတ်ခံရပြီဆိုပြီး ဆက်တက်ဖြန့်ဝေနေတဲ့ သတင်းတွေဟာ လုပ်ကြံရေးသားထားတဲ့ သတင်းတု၊ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 29 Oct 2022 6:35 PM IST

သမ္မတဦးဝင်းမြင့်အပါအဝင် ခေါင်းဆောင်တွေ အသတ်ခံရတယ်ဆိုတဲ့ သတင်းအမှား

ဒီအကြောင်းအရာတွေကို ခမာဘာသာစကားနဲ့ ရေးသားထားတဲ့ លីលីស ធីតា ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ အောက်တိုဘာလလည်ခန့်က စတင်ပြီး မကြခန ဖြန့်ဝေနေတာပါ။ ဖြန့်ဝေရာမှာ ဗွီဒီယိုဖိုင်တွေနဲ့ တွဲဖက်ပြီး 'သမ္မတဦးဝင်းမြင့်ကို အကျဉ်းထောင်အတွင်း သတ်ပစ်လိုက်ပြီလို့ ဗိုလ်ချုပ်ဇော်မင်းထွန်း အတည်ပြု' ဆိုတဲ့ သတင်းအပါအဝင် 'ခေါင်းဆောင် ၅ ဦး အသတ်ခံရ' စတဲ့သတင်းတွေ ဖြန့်ဝေနေတာပါ။ ဒီပေချ့်က သတင်းတွေကို ကူးယူဖြန့်ဝေလေ့ရှိတဲ့ အခြားဖေစ့်ဘွတ်ပေချ့်တွေကလည်း 'PDF တွေ လက်နက်မချရင် အမေစုကို သေဒဏ်ပေးဖို့ စီစဉ်နေဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော' ဆိုတဲ့ သတင်းမျိုးတွေလည်း ဆက်တိုက်ဖြန့်ဝေနေပါတယ်။


ဖြန့်ဝေမှုတွေကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဒီအကြောင်းအရာတွေကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လိမ်ညာ ရေးသားထားခြင်းသာ ဖြစ်တာကို တွေ့ရပါတယ်။ ဒီဖြန့်ဝေမှုတွေဟာ လူအများ စိတ်ဝင်စားအောင် ခေါင်းစဉ်ကို လုပ်ကြံ ဖန်တီးထားတာဖြစ်ပြီး ဗွီဒီယိုဖိုင်ထဲမှာတော့ အခြားသတင်းဌာနတွေရဲ့ သတင်းတွေကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆို ထားခြင်းသာ ဖြစ်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာတော့ ဝင်ရောက်ကြည့်ရှု့သူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှု့သူအရေအတွက်ကနေ ဝင်ငွေပြန်ရှာနေတဲ့ Click baits အဖွဲ့တွေ ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories