HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဒေါ်စုရဲ့ သားငယ်က တော်လှန်ရေးအတွက် နာရီ လေလံတင်ဖို့ ပေးတယ်ဆိုတဲ့ သတင်းအမှား

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကိုထိန်လင်းက တော်လှန်ရေးမှာ အသုံးပြုဖို့ သူ့အမေရဲ့ နာရီကို လေလံတင်ရောင်းချဖို့ လာရောက်ပေးအပ်တယ်ဆိုပြီး ရေးသားဖြန့်ဝေထားတဲ့အကြောင်းအရာမှာဖြစ်စဉ်အမှားတွေပါဝင်နေပါတယ်။

By - Boom Live Myanmar | 4 Aug 2022 8:00 AM GMT

ဒီအကြောင်းအရာကို ဩဂုတ်လ ၃ ရက်နေ့ နံနက်ပိုင်းမှာ စတင်ဖြန့်နေတာဖြစ်ပါတယ်။ ထပ်ဆင့်ဖြန့်ဝေမှု အများအပြားရှိနေတဲ့ ဒီပိုစ့်တွေထဲမှာ "အမေစု သားငယ် ကိုထိန်လင်းက တော်လှန်ရေးမှာအသုံးပြုဖို့တဲ့ အမေစုရဲ့ နာရီလေးလာပေးကြောင်း၊ တော်လှန်ရေးအတွက် ငွေအင်အားဘယ်လောက်အရေးကြီးကြောင်း၊ အမေနဲ့ပတ်သက်တဲ့ ပစ္စည်းတွေ လေလံတင်ရောင်းရင် ငွေအမြောက်အများရတယ်ဆိုတာလည်း သိကြောင်းနဲ့ သူ့ဆီမှာရှိတဲ့ အမေစုငယ်စဉ်ကပတ်ခဲ့တဲ့နာရီကို ကြည်ကြည်ဖြူဖြူ လာပေးတာဖြစ်ကြောင်း" တွေ ရေးသားထားတာပါ။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ပုံထဲမှာ တွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်း (Kim Aris) က သူ့အမေရဲ့ နာရီကို တော်လှန်ရေးမှာ အသုံးပြုဖို့ ပေးလှူနေတာ မဟုတ်ပါ။ ဒီနာရီဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၅နှစ်ပြည့်မွေးနေ့ အထိန်းအမှတ်ထုတ်ထားတဲ့ နာရီအလုံး ၁၀၀ ထဲက တစ်လုံးဖြစ်ပြီး နာရီထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံလည်းပါဝင်ပါတယ်။

အမှန်က ဩစတြေးလျနိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံသူတစ်ဦးက ကိုထိန်လင်းကို Click To Fight - UK ဆိုတဲ့ အဖွဲ့က တဆင့် လက်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။


ဖြန့်ဝေနေတာတွေဟာ သတင်းအမှားဖြစ်တယ်ဆိုတဲ့ အကြောင်းကို Click To Fight - UK ဖေစ့်ဘွတ်ပေချ့်ကလည်း ပြန်လည်ရှင်းလင်းထားပါတယ်။ ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

Related Stories