HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

လေတပ်အရာရှိတစ်ဦး SU 35 တိုက်လေယာဉ်နဲ့ NUG အစိုးရထံ ခိုလှုံလာတယ်ဆိုတဲ့ သတင်းအမှား

လေတပ်အရာရှိတစ်ဦး SU 35 တိုက်လေယာဉ်နဲ့ အတူ NUG အစိုးရထံ ခိုလှုံလာတယ်ဆိုပြီး လူမှုမီဒီယာတွေပေါ်မှာ ရေးသားဖြန့်ဝေနေပါတယ်။

By - Boom Live Myanmar | 30 Dec 2022 4:13 AM GMT

ဒီအကြောင်းအရာကို Zoul-168 ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဒီဇင်ဘာလ ၁၈ ရက်နေ့ နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေလာတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ 'လေတပ်အရာရှိ SU 35 တိုက်လေယာဉ်နဲ့ အတူ NUG ထံ ခိုလှုံလာပြီ' လို့ ရေးသားဖြန့်ဝေနေတာပါ။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ကိုဝင်ကြည့်ရင် ပိုစ့်မှာရေးသားထားသလို 'လေတပ်အရာရှိ SU 35 တိုက်လေယာဉ်နဲ့ အတူ NUG ထံ ခိုလှုံလာပြီ' ဆိုတဲ့ အကြောင်းအရာ ပါဝင်တာ မတွေရပါဘူး။

ခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

ဗွီဒီယိုကို ကြည့်ရင် စစ်တပ်မှာ လက်ရှိ အသုံးပြုနေတဲ့ တိုက်လေယာဉ်တွေအကြောင်းကို CDM လုပ်လာတဲ့ ဗိုလ်ကြီးစည်သူအောင်နဲ့ သတင်းဌာနတစ်ခု အင်တာဗျူးထားတဲ့ ရုပ်သံဖိုင်ကို လိုသလိုဖြတ်တောက်ပြီး ဗွီဒီယိုနောက်ခံအဖြစ် ပြန်လည် အသုံးပြုထားတာသာ ဖြစ်ပါတယ်။

အခုဖြန့်ဝေနေတာတွေဟာ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုသာ ဖြစ်ပါတယ်။ ဒီအကြောင်းအရာဟာ ဝင်ရောက်ကြည့်ရှု့သူများအောင် သတင်းခေါင်းစဉ်တွေ နောက်ခံ ဓါတ်ပုံတွေမှာ လိမ်ညာရေးသားထားခြင်းမျိုး ဖြစ်ပြီး ကြည့်ရှု့သူအရေအတွက်ကနေ ဝင်ငွေပြန်ရှာနေတဲ့ Click baits သတင်းတစ်ပုဒ်သာ ဖြစ်ပါတယ်။

'လေတပ်အရာရှိ SU 35 တိုက်လေယာဉ်နဲ့ အတူ NUG ထံ ခိုလှုံလာပြီ' ဆိုတဲ့ အကြောင်းအရာကို NUG ဘက်က သတင်းထုတ်ပြန်ထားတာမျိုး မရှိသလို ယုံကြည်စိတ်ချရတဲ့ အခြားသတင်းဌာနတွေမှာလည်း ဖော်ပြမထားပါဘူး။

Related Stories