HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဝစီပိတ်ဆရာတော် အဆိပ်ခတ် လုပ်ကြံခံရတယ်ဆိုတဲ့ သတင်းအမှား

စစ်အာဏာသိမ်းခေါင်းဆောင် ကိုးကွယ်တဲ့ ဝစီပိတ်ဆရာတော်ဟာ အဆိပ်ခတ်ခံရပြီး မင်္ဂလာဒုံစစ်ဆေးရုံကို ရောက်ရှိနေကြောင်း ရေးသားဖြန့်ဝေမှုတွေလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့ခဲ့ပါတယ်။

By - Boom Live Myanmar | 29 May 2021 2:31 PM GMT

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကိုးကွယ်တဲ့ ဝစီပိတ်ဆရာတော် အဆိပ်ခတ်ခံရပြီး မင်္ဂလာဒုံစစ်ဆေးရုံသို့ ပို့ဆောင်ထားရကြောင်းနဲ့ ကျိုင်းတုံနဲ့ တာချီလိတ်ကြားက တာလေမြို့မှာ လုပ်ကြံခံရတာဖြစ်တယ်ဆိုတဲ့ရေးသားဖြန့်ဝေမှုတွေ မေလ ၂၈ ရက် ညပိုင်းက စတင်ကာ လူမှုမီဒီယာတွေပေါ်မှာပြန့်နှံ့ခဲ့ပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဒီသတင်းမှားနဲ့ ပတ်သတ်ပြီး Tachileik News Agency က နာရီပိုင်းအတွင်းမှာ သတင်းမှားဖြစ်ကြောင်း သူတို့ရဲ့ ဖေစ့်ဘွတ်ပေချ်မှာ ဖော်ပြခဲ့ပေမယ့် ဒီသတင်းမှားကို မေလ ၂၉ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်အထိ ဆက်လက် ဖြန့်နေဆဲ ဖြစ်ပါတယ်။ ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။


ဝစီပိတ်ဆရာတော် လုပ်ကြံခံရတယ်ဆိုတဲ့ သတင်းဟာ မဟုတ်ကြောင်းနဲ့ ဆရာတော်သည် မွေးနေ့ပြီးကတည်းက ဘယ်မှမသွားဘဲ ကျောင်းတိုက်မှာပင် ဝစီပိတ်ကျင့်နေခြင်းသာဖြစ်တယ်လို့ ကပ္ပိယတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီကို အတည်ပြုပြောကြားထားတယ်ဆိုပြီး Tachileik News Agency ရဲ့ တရားဝင်ဖေစ့်ဘွတ်စာမျက်နှာမှာ မေလ ၂၈ ရက်နေ့ ည ၁၀ နာရီကျော်မှာ ဖော်ပြထားပါတယ်။


ကျိုင်းတုံမြို့ သီလဓမ္မကုန်းသာ တောရကျောင်းတိုက်၏ ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တကောဝိဒ (ဝစီပိတ်ဆရာတော်)သည် ကျောင်းတိုက်တွင်သာ သီတင်းသုံးနေပြီး ဝစီပိတ် တရားကျင့်နေသည့်အတွက် မည်သည့်နေရာကိုမှ မကြွသလို အပြင်လည် မထွက်ကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

သတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

Related Stories