HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

တိုက်လေယာဉ်ကို PDF က အမြှောက်နဲ့ ပစ်ချတယ်ဆိုတဲ့ သတင်းအမှား

စစ်ကောင်စီတပ်တွေရဲ့ တိုက်လေယာဉ် တစ်စီးကို PDF က အမြှောက်နဲ့ ပစ်ချတယ်ဆိုတဲ့ သတင်းအမှားတစ်ပုဒ် ဒီရက်ပိုင်းအတွင်းလူမှူကွန်ရက်မှာပျံ့နှံ့ခဲ့ပါတယ်။

By - Boom Live Myanmar | 13 Nov 2021 9:58 AM GMT

အဆိုပါ သတင်းအမှားကို နိုဝင်ဘာလ ၉ ရက်နေ့က TN. PDF ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ထုတ်ပြန်ချက်တစ်ခုကို သတင်းဌာနတွေက ပြန်လည်ဖော်ပြခဲ့တဲ့အတွက် လူမှုကွန်ယက်ပေါ် အလွန်အမင်း ပျံ့နှံ့ခဲ့ပြီး သတင်းအမှားရဲ့ ခေါင်းစဉ်မှာ "စစ်အုပ်စုရဲ့ တိုက်လေယာဉ်ကို PDFက အမြှောက်နဲ့ ပစ်ချ" လို့ ရေးသားထားပါတယ်။

သတင်းအမှားရဲ့ အတွင်းမှာတော့ "ရှမ်းပြည်နယ် မြောက်ပိုင်း သိန္နီ PDF ပြောက်ကျား အဖွဲ့(၈)ရဲ့ အမြှောက်သမားတစ်ဦးဟာ စစ်အုပ်စုရဲ့ တိုက်လေယာဉ်တစ်စီးကို ပစ်ချခဲ့တယ်လို့ သန္နီPDF (TNPDF)က သတင်းထုတ်ပြန်လိုက်ပါတယ်။ ဒီကနေ့ နိုဝင်ဘာလ ၉ရက်နေ့ ညနေပိုင်းမှာ ပစ်ချခဲ့တာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားပုံနဲ့ ပစ်ချခဲ့တဲ့နေရာကိုတော့ လုံခြုံရေးအရ ထည့်သွင်းထုတ်ပြန်လာခြင်း မရှိသေးပါဘူး။ စစ်အုပ်စုရဲ့ တိုက်လေယာဉ်တစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပစ်ချနိုင်ခဲ့တာဟာ ယခုအကြိမ်ဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး စစ်အုပ်စုဟာ တိုင်းရင်းသားနယ်မြေတွေမှာ တိုက်လေယာဉ်တွေကို အသုံးပြုပြီး တိုက်ခိုက်နေခဲ့ပါတယ်" (မူရင်းဖော်ပြထာသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

သတင်းဆန်းစစ်ချက်

စစ်အုပ်စုရဲ့ တိုက်လေယာဉ် တစ်စင်းကို PDF တွေက ပစ်ချခဲ့တယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ သတင်းအမှားဖြစ်ကြောင်း တွေ့ရပါတယ်။

အဆိုပါ သတင်းအမှားကို သန္နီPDF (TNPDF) က စတင်ထုတ်ပြန်ခဲ့တာဖြစ်ပြီး သတင်းဌာန တစ်ချို့ကလည်း ကူးယူဖော်ပြခဲ့ကြပါတယ်။ အဲ့ဒီနောက်မှာ သန္နီPDF (TNPDF) က ၎င်းတို့ သတင်းအမှားထုတ်ပြန်ခဲ့မိကြောင်း ပြန်လည် တောင်းပန်ထားပါတယ်။ အဆိုပါ အဖွဲ့မှ မှတ်တမ်းရိုက်ကူးရေး သမားက ရိုက်ကူးခဲ့တဲ့ ပုံအပေါ် သတင်းအမှားတင်မိခြင်း ဖြစ်တယ်လို့ ပြန်လည် တောင်းပန်ထားပါတယ်။

TN. PDF အဖွဲ့က တောင်းပန်ထားတဲ့စာကို ဒီနေရာမှာ ဖတ်ပါ။


သတင်းဌာနတစ်ချို့ကလည်း အဆိုပါ သတင်းဟာ သတင်းအမှားသာဖြစ်ကြောင်း ပြန်လည်ဖော်ပြထားကြပါတယ်။

Delta News Agency က ဖော်ပြထားတဲ့ အဆိုပါ သတင်းကို ဒီနေရာမှာ ဖတ်ပါ။


 


 


Related Stories