HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဒေါ်အောင်ဆန်းစုကြည်ကို ဘုရားအလောင်းနဲ့တင်စားပြောဆိုတယ်ဆိုတဲ့ သတင်းအမှား

ဒေါ်အောင်ဆန်းစုကြည်ဟာ နောင်ပွင့်မယ့် ဘုရားအလောင်း ဖြစ်တယ်လို့ NLD ပါတီက ကိုယ်စားလှယ် တစ်ဦးက ပြောဆိုထားတယ် ဆိုပြီး ရေးသားဖြန့်ဝေထားတဲ့ အကြောင်းအရာတစ်ခု ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 21 Nov 2020 3:38 PM GMT

အဆိုပါ သတင်းအမှားကို မင်းကင်းနယ်မြေ ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ရေးတင်ထားတာ ဖြစ်ပြီး ၎င်းရဲ့ ဖေ့စ်ဘွတ်ပိုစ့်ထဲမှာ "နောင်ပွင့်တော်မူမည့် ဘုရားအလောင်းတော်သည် ဒေါ်စုကြည်ဖြစ်သည်ဟု NLD တ/ဥက္ကလာပ အမတ် ဦးထွန်းငွေမှ ပြောကြား" လို့ ရေးသားထားပါတယ်။

အဆိုပါ မင်းကယ်နယ်မြေ ဆိုတဲ့ အကောင့်မှာ တင်ထားတဲ့ ပိုစ့်ကို နွေဦးမော်ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က Screen Shot ရိုက်ယူပြီး ပြည်ခိုင်ဖြိုး ပါတီထောက်ခံသူတွေရှိတဲ့ Group ထဲ ဖြန့်ဝေထားပါတယ်။ ၎င်း ဖြန့်ဝေထားတဲ့ Facebook Group ဟာ "We Love USDP ပြည်ခိုင်ဖြိုးဝန်းရံသူများ" Group ဖြစ်ပြီး အဲ့ဒီ Group ထဲမှာ နွေဦးမော်ဆိုတဲ့ အကောင့်က အထက်ပါပုံပါ စာသားအတိုင်း ရေးသားထားပါတယ်။

၎င်းတင်ထားတဲ့ Gorup ဟာ Member ဝင် ၂၂၀၀၀ နီးပါးရှိပြီး အများစုဟာ ပြည်ခိုင်ဖြိုးပါတီ ထောက်ခံသူများသာ ဖြစ်ကြပါတယ်။ အဲ့ဒီ ပိုစ့်ဟာ အဆိုပါ Group ထဲ တင်ပြီး ၂ နာရီခန့် အကြာမှာ Comment ရေးသားသူပေါင်းများစွာ ရှိခဲ့ပြီး Comment အများစုဟာ NLD ကိုယ်စားလှယ်အပေါ် ဆဲဆိုထားတဲ့ Comment များသာ ဖြစ်ပါတယ်။

မူရင်းရေးသားမှုကို ဒီမှာ ကြည့်ပါ။

သတင်းဆန်းစစ်ချက်

ပြည်ခိုင်ဖြိုးပါတီ ထောက်ခံသူတွေရှိတဲ့ Group ထဲမှာ တင်ထားတဲ့ တောင်ဥက္ကလာပ မြို့နယ်က NLD အမတ် ဦးထွန်းငွေက ဒေါ်အောင်ဆန်းစုကြည်ဟာ ဘုရားအလောင်း ဖြစ်တယ်လို့ ပြောဆိုထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးဖို့ တောင်ဥက္ကလာပမြို့နယ်က NLD ပါတီ ပြန်ကြားရေး ကော်မတီကို ဆက်သွယ် မေးမြန်းတဲ့အခါမှာ အဆိုပါ အကြောင်းအရာဟာ လုပ်ကြံဖန်တီးမှုသာဖြစ်ပြီး မူရင်းပို့စ်မှာရေးသားထားတဲ့ လွှတ်တော်အမတ်ဦးထွန်းငွေဆိုတဲ့ နာမည်ဟာ ယခင် ၂၀၁၅ ကိုယ်စားလှယ်စာရင်းထဲမှာလည်း မရှိသလို အခု ၂၀၂၀ ကိုယ်စားလှယ် စာရင်းထဲမှာလည်း မရှိဘူးလို့ ပြန်ကြားရေး ကော်မတီက ပြောပါတယ်။ ဒါ့အပြင် ဒီ အကြောင်းအရာနဲ့ ပတ်သက်ပြီး တောင်ဥက္ကလာ က မည်သည့် NLD ကိုယ်စားလှယ်ကမှ ပြောဆိုထားခြင်း မရှိဘူးလို့ ဆိုပါတယ်။

ဒီလို ဘာသာရေးကို အသုံးချထားပြီး ထင်ယောင်ထင်မှားဖြစ်အောင် ဖြန့်ဝေတဲ့ သတင်းအမှားတွေဟာ ရွေးကောက်ပွဲ မတိုင်ခင်ကာလမှာ ကတည်းက များစွာ တွေ့ခဲ့ရပြီး ရွေးကောက်ပွဲ ပြီးဆုံးပြီး NLD ပြန်အနိုင်ရတဲ့ ကာလမှာလည်း ပြန်လည် ထွက်ပေါ်နေဆဲ ဖြစ်ပါတယ်။

NLD ပါတီ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က ဘာသာရေး အသုံးချပြီး ဖြန့်ဝေထားတဲ့ သတင်းအမှားတွေနဲ့ ပတ်သက်ပြီး "ဒီဘက်နောက်ပိုင်းပေါ့လေ ရွေးကောက်ပွဲ မတိုင်ခင်တုန်းကလည်း လူမျိုးရေး ဘာသာရေးနဲ့ ပတ်သက်ပြီး သတင်းအမှားတွေ ပြောတယ်။ တိုက်ခိုက်တယ်။ အခုရွေးကောက်ပွဲ ပြီးပြန်တော့လဲ အရှိန်က မသေသေးဘူး။ ထပ်ပြီးတော့ ဘာသာရေး တိုက်ခိုက်လာတယ်ပေါ့လေ။ ဒါပေမယ့် ဖြစ်ပေါ်နေတဲ့ ဘာသာရေးသတင်းအမှားတွေကို ဘယ်သူမှ မယုံတော့ပါဘူးလို့ပဲ ပြောချင်ပါတယ်" လို့ မှတ်ချက်ပေးပါတယ်။

Related Stories