HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

အမေရိကန်က ထိုင်းနိုင်ငံဘက်ကနေလက်နက်သွင်းနိုင်သ‌ယောင်ဖြန့်ဝေတဲ့ သတင်းအတု

အမေရိကန်ကထုတ်ပြန်ထားတဲ့ NDAA ဥပဒေနောက်ဆက်တွဲအရ အမေရိကန်က မြန်မာအတိုက်အခံအဖွဲ့တွေကို လက်နက်တွေ ပေးပို့လာနိုင်သယောင်ရေးသားဖြန့်ဝေတဲ့ သတင်းတုတချို့ဒီရက်ထဲထွက်ပေါ်လာပါတယ်။

By - Boom Live Myanmar | 19 May 2023 3:36 PM GMT

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Car 50 ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်အပြင် အခြား ပေချ့်အတုတွေက မေလ 16 ရက်နေ့ နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေနေတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ်နီးပါးရှိတဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘NDAA နှစ်ဆတိုးလိုက်ပြီ။ ထိုင်းဘက်ကနေ လက်နက်ပို့မယ်’ လို့ ရေးသားဖြန့်ဝေနေတာပါ။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

အခုဖြန့်ဝေထားတဲ့ ဗွီဒီယိုထဲမှာ NDAA အကြောင်းအရာနဲ့ ထိုင်းဘက်ကနေ လက်နက်ပို့မယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို ယုံကြည်စိတ်ချရတဲ့ အခြား သတင်းဌာနတွေမှာလည်း ဖော်ပြထားတာ မရှိပါဘူး။

အမေရိကန်ရဲ့ အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်ဆိုင်ရာအက်ဥပဒေ (NDAA) ဟာ ၁၉၆၁ ခုနှစ်ကစပြီး အနှစ် ၆၀ အတွင်း နှစ်စဥ်ဥပဒေပြင်ဆင်ထုတ်ပြန်နေတဲ့ ဥပဒေ ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဘဏ္ဍာနှစ် အတွက် ပြဌာန်းတဲ့ အက်ဥပဒေထဲမှာ မြန်မာနိုင်ငံနဲ့ သက်ဆိုင်တဲ့ Burma Act ဆိုတဲ့ ဥပဒေတရပ် ပါဝင်လာတာ ဖြစ်ပါတယ်။ Burma Act ထဲမှာ စစ်ကောင်စီကို အရေးယူဖို့၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို တရားဝင်အသိအမှတ်ပြု ကူညီပံ့ပိုးတာတွေအပြင် တရုတ်နဲ့ ရုရှားတို့ရဲ့ ခြေလှမ်းတွေကို အမေရိကန်က မဟာဗျူဟာနည်းကျတုံ့ပြန်ဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

ဥပဒေထဲမှာ မြန်မာနိုင်ငံက အာဏာသိမ်းမှုဆန့်ကျင်တဲ့ တော်လှန်ရေးအင်အားစုတွေအတွက် ကူညီထောက်ပံ့ပေးမယ့် ကိစ္စတွေ ပါဝင်လာတယ်ဆိုပေမယ့် အခုဖြန့်ဝေနေသလို လက်နက်ထောက်ပံ့တာ၊ အမေရိကန်စစ်သားတွေ စစ်ကူပေးမယ်ဆိုတဲ့ အဓိပ္ပါယ် မဟုတ်ပါဘူး။

မြန်မာနိုင်ငံအတွက် ၂၀၂၃ ခုနှစ်မှ ၂၀၂၇ ခုနှစ် အထိ ၅ နှစ်ကြာကာလအတွင်း အကူအညီများရရှိမယ့် ဒီဥပဒေ (Burma Act) ထဲမှာ မူဝါဒရေးရာ ဖော်ပြချက်၊ အရေးယူပိတ်ဆိုမှုများ ချမှတ်ခြင်း၊ ကူညီထောက်ပံ့မှုများ ပေးခြင်း၊ တရားမျှတမှုနှင့် တာဝန်ခံမှု ဖော်ဆောင်ခြင်းဆိုတဲ့ အဓိက ကဏ္ဍ ၄ ရပ် ပါဝင်ပါတယ်။ အခုဖြန့်ဝေနေတာတွေဟာ အချက်အလက်အမှားတွေသာ ဖြစ်ပါတယ်။

Related Stories