HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

တပ်ရင်းမှူးနဲ့ ဇနီး မီးရှို့သတ်ဖြတ်ခံရတယ်ဆိုတဲ့ သတင်းအမှား

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ရှိ ကျောက်ထုစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ဦး သေဆုံးပြီး တပ်ရင်းမှူးနဲ့ ဇနီးကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 31 Jan 2024 6:54 AM GMT

ဒီအကြောင်းအရာကို Yangon Khit Thit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဇန်နဝါရီ ၂၈ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာဖြစ်ပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်ကျော်ရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘ပြည်သူများအတွက် သတင်းကောင်း။ ကျောက်ထုစကစ စခန်းကြီး သိမ်းခံရ။ စစ်ကောင်စီ စစ်ခွေး ၄၈ ယောက် နေရာမှာတင် မသာပေါ်။ တပ်ရင်းမှူးနဲ့ ဇနီးကို အရှင်လတ်လတ် မီးရှို့သတ်’ လို့ ရေးသားထားတာပါ။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

တပ်ရင်းမှူးနဲ့ ဇနီးကို အရှင်လတ်လတ် မီးရှို့သတ်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ သတင်းဌာနတွေက သတင်းတွေကို ကူးယူပြီး နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာပဲ ဖြစ်ပါတယ်။ ဒီသတင်းတွေထဲမှာ တပ်ရင်းမှူးနဲ့ ဇနီးကို အရှင်လတ်လတ် မီးရှို့သတ်တယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ဘန်ချောင်းဒေသအခြေစိုက်က စစ်ကောင်စီရဲ့ ကျောက်ထုစခန်းကို ကရင်အမျိုးအသားအစည်းအရုံး (KNU) လက်အောက်ခံတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေပေါင်းပြီး ဇန်နဝါရီလ ၂၄ ရက်နေ့မှာ သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၅ ဦးသေဆုံးခဲ့ပြီး နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့သလို ၈ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။


ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၄၈ ဦး သေတယ်ဆိုပြီး ရေးသားဖြန့်ဝေမှုဟာလည်း သတင်းမှား ဖြစ်ပါတယ်။

ထားဝယ် ကျောက်ထုစခန်းသိမ်းတိုက်ပွဲ အကြောင်း သတင်းဌာနတွေမှာ ဖော်ပြထားမှုကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

Related Stories