သတင်းအတု

ဒီဇင်ဘာည သီချင်းကို ရေးသားသူမှာ အဆိုတော်လင်းနစ်မဟုတ်ဘူးလို့ ရေးသားဖြန့်ဝေနေတဲ့ သတင်အမှား

တေးရေး တေးဆို လင်းနစ်ရဲ့ အောင်မြင်ခဲ့တဲ့ ဒီဇင်ဘာည သီချင်းရဲ့ မူရင်းပိုင်ရှင်ဟာ အခြားသူတစ်ဦးဖြစ်ကြောင်း လုပ်ကြံရေးသားဖြန့်ဝေထားတဲ့အကြောင်းအရာတွေ လူမှုကွန်ရက်ပေါ်မှာ ဒီရက်ပိုင်းထဲပျံ့နှံ့ခဲ့ပါတယ်။

By - Boom Live Myanmar | 22 Feb 2022 6:06 PM IST

ဒီဇင်ဘာည သီချင်းကို ရေးသားသူမှာ အဆိုတော်လင်းနစ်မဟုတ်ဘူးလို့ ရေးသားဖြန့်ဝေနေတဲ့ သတင်အမှား

တေးရေး တေးဆို လင်းနစ်ရဲ့ နာမည်ကြီး သီချင်းတပုဒ် ဖြစ်တဲ့ ဒီဇင်ဘာည သီချင်းကို မူရင်းဖန်တီးသူရဲ့ ခွင့်ပြုချက် မပေးတဲ့ကြားထဲက စစ်ကောင်စီပိုင် MRTV ရုပ်သံမှာ မကြာသေးခင်ကသီဆိုထုတ်လွှင့်ခဲ့ပါတယ်။ ဒီလိုထုတ်လွှင့်ခဲ့ပြီးနောက်ပိုင်း အဆိုပါဖြစ်စဉ်နဲ့ပတ်သက်လို့ အဆိုတော်လင်းနစ်က သူ့ရဲ့ ဖေစ့်ဘွတ်အကောင့်ကနေ ပြင်းပြင်းထန်ထန် ပစ်တင်ဝေခဲ့ပြီးနောက် ယခုသတင်းအမှားပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။

ဒီအကြောင်းအရာကို စစ်တပ်ထောက်ခံသူ Pyae Phyo Maung ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်က ဖေဖော်ဝါရီ ၂၁ ရက်နေ့ ည ၉ နာရီဝန်းကျင်မှာ စတင်ရေးသား ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေသူ အများအပြားရှိခဲ့ပါတယ်။

ဒီအကြောင်းအရာကိုဖြန့်ဝေရာမှာ "ဒီဇင်ဘာည ရှင်းတမ်း" ဆိုတဲ့ ခေါင်းစဉ်နဲ့ရေးသားထားတာဖြစ်ပြီး  "ဒီဇင်ဘာည သီချင်းကို လွန်ခဲ့သော ၁၉ နှစ်ဝန်းကျင်က တောင်သာမြို့မှာ နေသူတစ်ဦးက ရေးခဲ့တာဖြစ်ကြောင်း၊ ထိုသူမှာ စီးရီးခွေထုတ်ဖို့ ကြိုးစားနေရင်း ရုတ်တရက်သေဆုံးခဲ့ကြောင်း၊ ထိုသူမသေဆုံးမီက တောင်သာမြို့ လမ်းဘေးဂစ်တာဝိုင်းတွေမှာ ဒီဇင်ဘာည သီချင်းကို သီဆိုလေ့ရှိတဲ့အတွက် မှတ်မိနေတာဖြစ်ကြောင်း" ဇာတ်လမ်းဆင် လုပ်ကြံရေးသားထားတာပါ။

ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဒီဖြန့်ဝေမှုကို အဆိုတော်လင်းနစ်က သူ့ရဲ့အကောင့်မှာ ချက်ချင်းတုံ့ပြန်ထားရာမှာ အောက်ပါအတိုင်းရေးသားထားပါတယ်။ "ကောင်းလှချေလားကွ ဒီဇာတ်လမ်းကို ကျနော်ဝယ်မယ်" လို့ ရေးသားကာ ပြန်လည် ဖြန့်ဝေခဲ့ပါတယ်။ ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။


ဒီဇင်ဘာည သီချင်းဟာ တေးရေး တေးဆိုလင်းနစ် ရေးသားဖန်တီးခဲ့တဲ့ သီချင်းဖြစ်ပြီး သူ့ရဲ့ သီချင်းတွေနဲ့ ပါတ်သတ်ပြီး ခွင့်ပြုချက် မရပဲ ပြိုင်ပွဲတွေမှာ ပုံစံတမျိုးပြောင်းဆိုတာတွေ cover ပြန်ဆိုတာတွေ မလုပ်ဖို့ မကြာခန သတိပေးလေ့ရှိပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းမှာလည်း လင်းနစ်က သူ့ရဲ့ နာမည်ကျော်သီချင်းတွေနဲ့ ပါတ်သတ်ပြီး မူရင်းဖန်တီးသူဖြစ်တဲ့အကြောင်းနဲ့ ပြန်လည်သီဆို ထုတ်လုပ်မယ်ဆိုပါက မူရင်းပိုင်ရှင်ခွင့်ပြုချက်တောင်းဖို့ ရေးသားခဲ့ပါသေးတယ်။ ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။


အခုလည်း ဒီဇင်ဘာည သီချင်းကို စစ်ကောင်စီပိုင် MRTV ရုပ်သံရဲ့ ဆောင်းရာသီတေးများ အစီအစဉ်မှာ ထုတ်လွှင့်ဖို့ဆိုပြီး နိုင်ငံကျော် ဝါရင့်တေးသံရှင် တက္ကသိုလ် လဲ့လဲ့က ဖေစ့်ဘွတ်မက်ဆင်ဂျာက တဆင့် ခွင့်ပြုချက်တောင်းခဲ့တာကို ခွင့်မပြုကြောင်း လင်းနစ်က သူ့ရဲ့ ဖေစ့်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

ဒါကို MRTV ရုပ်သံလိုင်းက စီစဉ်တဲ့ သီဆိုနွှဲပျော် ဂီတပွဲတော် သီချင်းပြိုင်ပွဲမှာချင်းတိုင်းရင်းသူ မခင်သက်တင် (ရေဂျီးနား) က မူရင်းပိုင်ရှင်ရဲ့ ခွင့်ပြုချက်မရဘဲ ဒီဇင်ဘာည သီချင်းနဲ့ ဝင်ရောက် ယှဉ်ပြိုင်တဲ့အပေါ် လင်းနစ်က ဖေစ့်ဘွတ်ပေါ်ကနေ ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

ဒီလိုဝေဖန်ခဲ့ပြီးနောက်ပိုင်းမှ စစ်တပ်ထောက်ခံသူတွေက ဒီဇင်ဘာည သီချင်း နဲ့ ပတ်သတ်ပြီး လုပ်ကြံဖန်တီးတဲ့ ဇာတ်လမ်းဆင်ပြီး သူ့ကိုတိုက်ခိုက်လာတာ ဖြစ်ပါတယ်။ ဒီဇင်ဘာည သီချင်းကို စစ်ကောင်စီရဲ့ ဝါဒဖြန့် ရုပ်သံလိုင်း MRTV မှာ သီဆိုထုတ်လွှင့်ခွင့် မပြုကြောင်း တေးရေး တေးဆိုလင်းနစ် ရေးသားဖြန့်ဝေခဲ့တဲ့ ပိုစ့်ကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

Tags:

Related Stories