HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ရခိုင်တပ်မတော်မှ ဗိုလ်မှူးကြီးကို ဖက်ဒရယ်တပ်မတော် စစ်ဦးစီးချုပ်အဖြစ် ခန့်အပ်တယ်ဆိုတဲ့ သတင်းမှား

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) က ဖက်ဒရယ်တပ်မတော် စစ်ဦးစီးချုပ်အဖြစ် ရခိုင်ပြည်တပ်မတော် (ANC/AA) မှ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီးမင်းထွန်းကို ခန့်အပ်တာဝန်ပေးလိုက်တယ်လို့ လူမှုမီဒီယာတွေပေါ် ဖြန့်ဝေမှုတွေရှိနေပါတယ်။

By - Boom Live Myanmar | 20 May 2021 2:53 PM GMT

ဖြန့်ဝေမှုတွေကို မေလ ၁၁ ရက်နေ့မှာ စတင်ခဲ့တာဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကြေငြာချက်ပုံစံအတုပြုလုပ်ပြီး "အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) မှ ဖက်ဒရယ်တပ်မတော်စစ်ဦးစီးချုပ်အဖြစ် ရခိုင်ပြည်တပ်မတော် (ANC/AA) မှ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီးမင်းထွန်းကို ခန့်အပ်တာဝန်ပေးတယ်" တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာပါ။

ဖြန့်ဝေရာမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

အဆိုပါဖြန့်ဝေနေမှုဟာ သတင်းမှားသာဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ လက်ရှိအချိန်မှာ ဖက်ဒရယ်တပ်မတော်ကို ဖွဲ့စည်းထားခြင်းမရှိပဲ ဖက်ဒရယ်တပ်မတော်ရဲ့ ရှေ့ပြေးအဖြစ် "ပြည်သူ့ကာကွယ်ရေးတပ်" People Defense Force ကို မေလ ၅ ရက်နေ့က ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါတယ်။


ပြည်သူ့ကာကွယ်ရေးတပ် PDF နဲ့ ပါတ်သတ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ တရာဝင်ဖေစ့်ဘွတ်စာမျက်နှာမှာ ဖော်ပြထားချက်ကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

လက်ရှိအချိန်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးရည်မွန်က တာဝန်ယူထားပြီး ဒုဝန်ကြီးနေရာကို ဒေါ်ခင်မမမျိုးအား တာဝန်ပေးအပ်ထားခြင်းဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့တွင် ခန့်အပ်တာဝန်ပေးထားသော ပြည်ထောင်စုဝန်ကြီးတွေနဲ့ ဒုဝန်ကြီးတွေရဲ့ အမည်တွေကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

Related Stories