HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

KNLA ဌာနချုပ်ကို ဗိုလ်စောချစ်သူရဲ့ BGF တွေ တိုက်နေပြီဆိုတဲ့ သတင်းအမှား

ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA ဌာနချုပ်ကို ဗိုလ်စောချစ်သူရဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) တွေ တိုက်ခိုက်နေပြီဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 29 April 2024 2:43 AM GMT

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Mandalay Khit Thit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဧပြီ ၂၈ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာဖြစ်ပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ်ကျော်ရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ဗိုလ်စောချစ်သူ ခွေးဇာတ်ခင်းနေပြီ။ KNLA ဌာနချုပ်ကို BGF သစ္စာဖောက် တိုက်နေပြီ' လို့ ရေးသားထားတာပါ။

ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ တစ်သိန်းသုံးသောင်းနီးပါး ရှိနေပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

KNLA ဌာနချုပ်ကို ဗိုလ်စောချစ်သူရဲ့ BGF တွေ တိုက်နေပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ ဧရာဝတီသတင်းဌာနမှာ ဧပြီလ ၂၇ ရက်နေ့က ဖော်ပြထားတဲ့ ‘BGF နှင့် ကရင်တော်လှန်ရေးတပ်များ ကြား တိုက်ပွဲဖြစ်လာမည်ကို ဒေသခံတို့ စိုးရိမ်’ ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။

ဧရာဝတီသတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းထဲမှာ ကရင်အမျိုးသားတပ် (KNA) အဖြစ် ပြောင်းလဲဖို့ ဗိုလ်မှူးကြီး စောချစ်သူက လုပ်ခဲ့ပေမယ့် အခုအခါ စစ်တပ် လက်အောက်ခံ နယ်ခြားစောင့်တပ် အဖြစ်သာ ရှိတော့မယ်ဆိုတဲ့အတွက် ကရင်အချင်းချင်းကြား တိုက်ပွဲတွေ ဖြစ်လာမှာကို ဒေသခံတွေ စိုးရိမ်နေကြောင်း၊ BGF အဖြစ် ဆက်ရှိနေမယ့်အကြောင်း စောချစ်သူက မြဝတီ၊ ရွှေကုက္ကိုလ်နဲ့ သစ်ကသေတို့က သက်ဆိုင်ရာ တပ်မှူးတပ်သားတွေနဲ့ တွေ့ဆုံစဉ် ပြောကြားထားကြောင်း၊ လက်ရှိမှာ BGF နဲ့ စစ်ကောင်စီတပ်တွေ အတူပူးတွဲပြီး မြဝတီမြို့မှာ ကင်းလှည့်ပြီး အုပ်ချုပ်ရေး ယန္တရားလည်ပတ်ဖို့ လုပ်နေကြောင်း တွေ ရေးသားထားပါတယ်။

ဒီသတင်းထဲမှာ KNLA ဌာနချုပ်ကို ဗိုလ်စောချစ်သူရဲ့ BGF တွေ တိုက်နေပြီဆိုတဲ့ အကြောင်းအရာမပါဝင်သလို ယုံကြည်စိတ်ချရတဲ့ အခြားသတင်း ဌာနတွေမှာလည်း ဒီလိုအကြောင်းအရာမျိုး ဖော်ပြထားတာ မရှိပါဘူး။

သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Related Stories