HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

သံရုံးအီးမေးလ်လိပ်စာတွေဆီ အချက်အလက်တွေ တကယ်ပေးပို့နိုင်သလား

တပ်မတော် အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားနေတဲ့ အဖြစ်အပျက်များနဲ့ အင်အားသုံးကာ ဖြိုခွဲနေတဲ့ အထောက်အထားတွေကို မြန်မာနိုင်ငံရှိ နိုင်ငံခြားသံရုံးတွေရဲ့ အီးမေးလ်တွေကို ပို့လို့ရပြီဆိုပြီး သံရုံးတွေရဲ့ ဖေစ့်ဘွတ်စာမျက်နှာက အီးမေးလ်လိပ်စာတွေကို ဖြန့်ဝေနေတာတွေဟာ နားလည်မှုလွဲမှားနိုင်တဲ့ အတွက် BOOM က သတင်းဆန်းစစ်ထားပါတယ်။

By - Boom Live Myanmar | 8 April 2021 9:03 AM GMT

"သံရုံးတွေက Email တွေဖွင့်လိုက်ပါပြီ။ သက်သေပုံတွေပို့လို့ရပြီနော်။ ကျတော် Link တွေချပေးထားပါတယ်။" ဆိုပြီး မတ်လ ၂၇ ရက်နေ့နောက်ပိုင်းမှာ မြန်မာနိုင်ငံရှိ နိုင်ငံခြားသံရုံးတွေရဲ့ ဖေစ့်ဘွတ်စာမျက်နှာက အီးမေးလ်လိပ်စာတွေကို လင့်တွေနဲ့တကွ ဖြန့်ဝေလာတာပါ။

မြန်မာနိုင်ငံရှိ နိုင်ငံခြားသံရုံးတွေရဲ့ ဖေစ့်ဘွတ်စာမျက်နှာတွေနဲ့ သက်ဆိုင်ရာဝက်ဆိုက်တွေမှာတော့ ဒီအထောက်အထားတွေကို အီးမေးလ်ပို့နိုင်တယ်ဆိုတဲ့ ကြေငြာချက် ထုတ်ပြန်ထားတာ မရှိပါဘူး။

တပ်မတော် အာဏာသိမ်းမှုနဲ့ ဆက်စပ်ပြီး မြန်မာနိုင်ငံတွင်း ကျူးလွန်ခဲ့သော အကြီးလေးဆုံး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုများနှင့် နိုင်ငံတကာဥပဒေချိုးဖောက်မှုများရဲ့ သက်သေအထောက်အထားတွေကို စုဆောင်းဘို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက မတ်လ ၁၇ ရက်နေ့က တည်ထောင်ထားပြီး ဖြစ်ပါတယ်။

ယခုကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ရှိတဲ့ လူတွေကို နိုင်ငံတွင်း၊ ဒေသတွင်းနဲ့ အပြည်ပြည်ဆိုင်ရာ ခုံရုံးတွေမှာ တာဝန်ခံစေနိုင်ဘို့ ဖွဲ့စည်းခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

လူ့အခွင့်အရေးဥပဒေချိုးဖောက်မှုတွေနဲ့ ပတ်သတ်ပြီး ပြစ်မှုကျူးလွန်သူတွေကို အရေးယူရန် သက်သေအထောက်အထား တွေကို ပေးပို့တဲ့ နေရာမှာလည်း စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က မှာကြားထားတဲ့ လုံခြုံရေးအကြံပြုချက်အရ ဆစ်ဂနယ်‌ (Signal) အပ်(app) ကို ဒေါင်းလုပ် လုပ်ကာ ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂၀၈ ကို မက်ဆေ့ခ်ျပို့ခြင်းနှင့် ပရိုတွန်မေး (Protonmail) ကို အသုံးပြုပြီး mountain741@protonmail.com သို့ အီးမေးပို့ခြင်းတို့နဲ့ ဆက်သွယ်ပေးပို့ရန် လိုအပ်ပါတယ်။


မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ရဲ့ ကြေငြာချက်နဲ့ ပါတ်သတ်ပြီး မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးနဲ့ ဂျာမနီ သံရုံးတွေရဲ့ တရားဝင်ဖေစ့်ဘွတ်ပေချ့်တွေမှာ မတ်လ ၁၈ ရက် နဲ့ ၂၇ ရက်နေ့တွေမှာ အသီးသီး ကြေငြာထားတာ တွေ့ရပါတယ်။


ကြေငြာချက်တွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

Related Stories