HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

Orchid Hotel ပိုင်ရှင်ဦးဌေးအောင် ပြည်ခိုင်ဖြိုးပါတီကနေ ဝင်ပြိုင်မယ်ဆိုတဲ့ သတင်းအမှား

လူမှုကွန်ယက်ပေါ်မှာ Orchid Hotel ပိုင်ရှင် ဦးဌေးအောင်က ပြည်ခိုင်ဖြိုးပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုတဲ့ သတင်းအမှားတစ်ပုဒ် ပျံနှံ့နေပါတယ်။

By - Boom Live Myanmar | 8 July 2020 11:12 AM GMT

အဆိုပါ သတင်းအမှား အကြောင်းအရာထဲမှာ ကော့မှူးမဲဆန္ဒနယ်ရဲ့ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းဟာ ဦးဌေးအောင်လို့ ဖော်ပြထားတဲ့အပြင် ဘာသာရေးအမုန်းစကားတွေနဲ့ ရေးသားဖြန့်ဝေထားပါတယ်။ Moesandar ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ဟာ ဇူလိုင်လ ၆ ရက် မနက် ၈ နာရီ ၃၈ မိနစ်မှာ သတင်းအမှား တစ်ပုဒ် တင်ခဲ့ပါတယ်။ အဲ့ဒီ သတင်းအမှားထဲမှာ "ဒို့ကော့မှူးက မဘသ တွေနဲ့တော့တွေ့ပြီ" လို့ အစချီ ရေးသားထားပြီး

"ဘာမွတ်အမတ်မှ မရှိတဲ့ NLD ကိုတော့ မွတ်ပါတီ အားမပေးနဲ့ အမျိုးဘာသာ ပျောက်မယ်, အမျိုးဘာသာ စောင့်ရှောက်ဖို့ ဖွတ်ပါတီကို အားပေး ဆိုပြီး သဒ္ဓါတရား ကောင်းတဲ့ တောသူတောင်သားရဲ့ ရိုးသားမှုကို အခွင့်ကောင်းယူပြီး အဘတွေ မှိုင်းတိုက်တာကိုယုံ ကိုယ့်ဒေသကို ပြန်ဂျင်းထည့်တဲ့ မဘသတွေ မွတ်ဌေးအောင် ဖွတ်တွေနဲ့ပေါင်းပြီး ကော့မှူးရောက်လာပြီ.. ဖွတ်နဲ့ပေါင်းပြီးလာတဲ့ မွတ်ဌေးအောင် လာပြီ. မျိုးချစ် မဘသတွေ ဘာသံမှထွက်လာတာ ခုထိမတွေ့ရသေးဘူး. ဒီကောင်အဆင့်ကို ကော့မှူးဒီမိုတွေက စာရင်းထဲတောင် မရှိဘူးဆိုတာတော့ လူပိန်းကြိုက် အော်နေစရာ မလိုဘူးဆိုတာ သိစေချင်တယ်. ဒါပေမည့် မဘသ မျိုးချစ်တွေ ကုလားမုန်းတယ်ဆိုပြီး ၄ နှစ်လောက်အော်ခဲ့ပြီး ဒီဇာတ်ပျက် ဖွတ်ကုလား ရောက်လာတာကြတော့ ဘာသံမှ မထွက်ကြတော့လို့.. တကယ်ရိုးရိုးသားသား ဘာသာသာသနာကို ချစ်ရင် မျှမျှတတ လုပ်ပါ တတ်နိုင်တဲ့ဘက်က

ပါဝင်ကူညီပေးမယ်.. မိမိအနေနဲ့ လူမျိုးရေး ဘာသာရေ းခွဲခြားတာ မရှိပေမည့် ဒီပုဂ္ဂိုလ်တွေ က အဘနဲ့ ပတ်သက်တဲ့ မွတ်,ဆို ဂေါင်းရင်းခန်း ချီးတက်ပါလဲ ဘာသံမှမထွက်ရဲလို့ အသဲနာတာ" (မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

အဆိုပါ ရေးသားဖော်ပြချက်နဲ့အတူ Photoshop ပြုလုပ်ထားတဲ့ ဓါတ်ပုံတစ်ပုံ အသုံးပြုထားပါတယ်။ အဲ့ဒီဓါတ်ပုံထဲမှာ ဦးဌေးအောင်ဟာ ကော့မှူးမဲဆန္ဒနယ်က ဝင်ရောက်ယှဉ်ပြိုင်မယ့် USDP ကိုယ်စားလှယ်လောင်းလို့ ဖော်ပြထားပြီး ကိုးကွယ်တဲ့ ဘာသာနေရာမှာ "မွစ္စလင်" ဆိုတဲ့ စာလုံးကို သတ်ပုံမှားယွင်းစွာ ရေးသားထားပါတယ်။

အဆိုပါ သတင်းအမှားကို ထပ်ဆင့်ဝေမျှသူ ၁၄၀၀ ကျော်ရှိနေပြီး ပြန်လည်ကူးယူဖော်ပြသူ များစွာလည်း ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

Moesandar ဆိုတဲ့ အကောင့်မှာ ရေးသားဖော်ပြထားတဲ့ Orchid Hotel ပိုင်ရှင် ဦးဌေးအောင်ဟာ ပြည်ခိုင်ဖြိုးပါတီကနေ ကိုယ်စားလှယ်လောင်းအဖြစ် ကော့မှူးမဲဆန္ဒနယ်မှာ ဝင်ရောက် အရွေးခံမယ်ဆိုတဲ့ သတင်းကို Boom Myanmar က အချက်အလက် စစ်ဆေးဖို့ ပြည်ခိုင်ဖြိုးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးကို ဆက်သွယ် မေးမြန်းတဲ့အခါမှာ ဒါဟာ သတင်းအမှား သက်သက်သာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီ အကြောင်းအရာနဲ့ ပက်သက်ပြီး "ဒီ သတင်းက လုံးဝ မဟုတ်ပါဘူး။ USDP ပါတီဝင်ကို မဟုတ်တာ" လို့ ဦးသိန်းထွန်းဦးက အတည်ပြု ပြောကြားပါတယ်။

ဒါ့အပြင့် ဦးဌေးအောင်ဟာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ကော့မှူးမဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ဖေဖော်ဝါရီလအတွင်းက ထုတ်ဖော်ပြောကြားထားပါတယ်။

ဒီသတင်းအမှားကို Moesandar ဆိုတဲ့အကောင့်ကနေဝေမျှခဲ့ပြီးနောက် ဖေ့စ်ဘွတ်သုံးစွဲသူ တစ်ထောင့်ငါးရာနီးပါးက ထပ်ဆင့်ဝေမျှကြပါတယ်။ အလားတူနောက်ထပ်အကောင့်ပေါင်းများစွာကလည်းကူးယူရေးသားပြီးလူပေါင်းများစွာထံဝေမျှလျက်ရှိပါတယ်။

  

Related Stories