HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

စစ်ကောင်စီ ဖျက်သိမ်းကြောင်း ကြေညာတယ်ဆိုတဲ့ သတင်းအတု

စစ်ကောင်စီကို ဖျက်သိမ်းကြောင်း ကြေညာလိုက်တယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 20 Sep 2023 3:40 PM GMT

အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက စက်တင်ဘာလ ၁၇ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၉ မိနစ်ကျော်ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံဓါတ်ပုံပေါ်မှာ အမေရိကန်သမ္မတအိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် Jake Sullivan ရဲ့ ဓါတ်ပုံတစ်ပုံကို သုံးထားပြီး ဓါတ်ပုံပေါ်မှာ “၁၇ ရက်နေ့ စစ်ကောင်စီ ဖျက်သိမ်းကြောင်း ကြေညာ၊ NDAA ၃ ဆ ကြမ်းပြီ” (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ Video ကို ၂ရက်အတွင်း ဝင်ရောက်ကြည့်ရှုထားသူ ၂၁၀၀၀ ကျော်ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

စစ်ကောင်စီကို ဖျက်သိမ်းကြောင်း ကြေညာလိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထာတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

စစ်ကောင်စီကို မည်သည့်အဖွဲ့ကမှ ဖျက်သိမ်းချင်း မရှိသလို အမေရိကန်ကလည်း စစ်ကောင်စီကို ဖျက်သိမ်းဖို့ ပြောဆိုထားခြင်း မရှိပါဘူး။

မြန်မာနိုင်ငံဒီမိုကရေစီရေးအတွက် အထောက်အပံ့ ပေးမယ့် NDAA - အမေရိကန် အမျိုးသားကာကွယ်ရေးဆိုင်ရာ ဥပဒေမူကြမ်းကို အမေရိကန်လွှတ်တော်နှစ်ရပ်လုံးက မဲခွဲအတည်ပြုပြီး အမေရိကန်သမ္မတ Joe Biden က ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ အတည်ပြု ပြဋ္ဌာန်းလိုက်ပေမယ့် လူသားချင်းစာနာမှု အကူအညီကလွဲလို့ ဒီမိုကရေစီအရေး လှုပ်ရှားမှုအတွက် ထိရောက်တဲ့ အကူအညီတွေ အမေရိကန်အစိုးရက အခုချိန်ထိ မပေးနိုင်သေးဘူးလို့ VOA သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် သတင်းအမှားဖြန့်သူတွေ တင်ထားတဲ့ Video အတွင်းမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ ၎င်း Video အတွင်းမှာ တစ်ခြား သတင်းအကြောင်းအရာတွေ၊ တစ်ခြားသတင်းတွေကိုသာ ဖော်ပြထားပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Related Stories