HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ရခိုင်ပြည် ပေါက်တော ဒေသခံတွေက AA ကို လက်မခံဘူးဆိုတဲ့ သတင်းအမှား

ရခိုင်ပြည်နယ် ပေါက်တောမြို့က ဒေသခံတွေက AA ကို လုံးဝ လက်မခံဘူးလို့ ပြောနေတယ်ဆိုတဲ့ သတင်းအမှားတွေ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 6 Feb 2024 11:20 AM GMT

အဆိုပါ သတင်းအမှားကို စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ် ချန်နယ်တစ်ခုဖြစ်တဲ့ Doror Waddy Media ဆိုတဲ့ ချန်နယ်က စတင်ဖြန့်ဝေထားတာ ဖြစ်ပြီး သတင်းအမှားရဲ့ ခေါင်းစဉ်မှာ “ပေါက်တောမြို့ကို ဖျက်ဆီးသည့် ULA/AA အဖွဲ့ကို ဒေသခံများက လုံးဝလက်မခံနိုင်ဟု ကြိမ်းဝါးပြောဆို” (အသုံးအနှုန်း မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။ သတင်းအမှား အတွင်းမှာတော့ “ရဲတပ်ဖွဲ့ဝင်များဖြင့်သာ ဒေသအုပ်ချုပ် ရေးလည်ပတ်လုပ်ကိုင်နေတဲ့ တည်ငြိမ် အေးချမ်းပြီး ရိုးရိုးသားသား ရေလုပ်ငန်းလုပ်ကိုင်သူအများအပြားသာ နေထိုင်နေ ကြတဲ့ ပေါက်တောမြို့ကို ULA/AA အဖွဲ့က ရက်စက်ယုတ်မာတဲ့ အကြံအစည်နဲ့ ရည်ရွယ်ချက်ရှိရှိဖျက် ဆီးတာဟာ လုံးဝလက်ခံနိုင်စရာမဟုတ် ဘူးလို့ ဒေသခံများက ပြောဆိုပါတယ်…” (မူရင်းအတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ သတင်းအမှားကို တယ်လီဂရမ်ချန်နယ်တွေအပြင် ဖေ့စ်ဘွတ်စာမျက်နှာပေါ်ပါ ဖြန့်ဝေထားကြပါတယ်။

သတင်းဆန်းစစ်ချက်

ရခိုင်ပြည်နယ် ပေါက်တောမြို့က ဒေသခံတွေက AA ကို လုံးဝ လက်မခံဘူးလို့ ပြောနေတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့်သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

ရခိုင်ပြည်နယ်မှာ AA ဟာ ထောက်ခံမှု အပြည့်အဝ ရရှိထားတဲ့ တော်လှန်ရေး လက်နက်ကိုင်အဖွဲ့ဖြစ်ပါတယ်။ စစ်ကောင်စီတပ်နဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်းမှာ ဓါးစာခံအဖြစ်ဖမ်းခံရသူတွေ၊ တိုက်ပွဲတွင်း ပိတ်မိနေသူတွေကို AA က ကယ်ထုတ်ပေးတာတွေ ကာကွယ်ပေးတာတွေ ပြုလုပ်နေပြီး ရက္ခိုင်တပ်တော်ကို ရခိုင်ပြည်သူလူထုက ထောက်ခံအားပေးနေဆဲဖြစ်ပြီး အပြစ်တင် မောင်းထုတ်တဲ့ဖြစ်စဉ်မရှိပါဘူး။

ရက္ခိုင့်တပ်တော် AA ဟာ ရခိုင်ပြည်နယ်အတွင်းမှာ စခန်းသိမ်းတိုက်ပွဲတွေ များစွာ ပုံဖော်ထားနိုင်လို့ စစ်ကောင်စီ ထောက်ခံသူတွေဘက်က သတင်းအမှားပေါင်းများစွာနဲ့ တန်ပြန်ဝါဒဖြန့်နေတာလည်း ဖြစ်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့အဖွဲ့တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာတော့ စစ်ကောင်စီအတွက် ဝါဒဖြန့်ပေးနေတဲ့ တယ်လီဂရမ်ချန်နယ်တွေ၊ မည်သူမည်ဝါမှန်းဖော်ပြထားခြင်းမရှိတဲ့ ဖေ့စ်ဘွတ်အကောင့်တွေ ဖြစ်တာကို တွေ့ရပြီး စစ်ကောင်စီကို ထောက်ခံအားပေးတဲ့ ဝါဒဖြန့်သတင်းတွေ သတင်းအမှားတွေ ဆက်တိုက်ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Related Stories