HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

နိုင်ငံခြားသားအကြံပေးတွေ မြန်မာ့နိုင်ငံရေးမှာဝင်မပါဖို့ ကာချုပ်သတိပေးတယ်ဆိုတဲ့ သတင်းအတု

လူမှုကွန်ယက်ပေါ်မှာ NLD ပါတီ ဥက္ကဌဒေါ်အောင်ဆန်းစုကြည် ခေါ်ယူထားတဲ့ နိုင်ငံခြားသား အကြံပေးတွေ မြန်မာ့နိုင်ငံရေးမှာ ဝင်မပါဖို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က သတိပေးလိုက်ပြီဆိုတဲ့ သတင်းအမှားတွေ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 31 Dec 2020 9:34 AM GMT

ဒီအကြောင်းအရာကို လူမှုကွန်ယက်ပေါ် စတင်ရေးသားသူဟာ Ling Ling ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင်ဖြစ်ပြီး ၎င်းရေးသားထားတဲ့ ဖေ့စ်ဘွတ်ပိုစ့်ရဲ့ အောက်ဆုံးအပိုဒ်မှာ ဒီသတင်းအမှားအကြောင်းအရာကို ထည့်သွင်းရေးသားထားတာ ဖြစ်ပါတယ်။ အဲ့ဒီအောက်ဆုံး အပိုဒ်တစ်ခုတည်းကို Kyaw Myat Thu ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဒီဇင်ဘာလ ၃၀ ရက်နေ့ မနက် ၆ နာရီ ၅၆ မိနစ်မှာ ပြန်တင်ခဲ့တာ ဖြစ်ပြီး အဆိုပါ သတင်းအမှားထဲမှာ "ကာချုပ် သတိပေးလိုက်ပါပြီ ၊ ဒေါ်စုခေါ်ထားတဲ့ နိုင်ငံခြားအကြံပေးတွေ မြန်မာ့နိုင်ငံရေးထဲ ဝင်မပါ ဘို့ ။ ဖြစ်လာမယ့် ကောင်းကြိုး/ဆိုးကြိုး တွေကို တာဝန် မယူဘူးတဲ့၊၊ သတိထားကြ စစ်သား ပြောရင်ပြတ်တယ်/လုပ်ရင်ရှင်းတယ်နော်" လို့ ရေးသားထားပြီး မြန်မာ့တပ်မတော်က နိုင်ငံရေးသမားတွေလို စကားအပို မပြောတက်ကြောင်း ဘုရားအလောင်း မဟောသဓာ ရဲ့ ဖြေရှင်းနည်းနဲ့ ဖြေရှင်းနေတယ်လို့ ရေးသားထားပါတယ်။

ဒီအကြောင်းအရာကို Ling Ling ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ကနေ ထပ်ဆင့်ဝေမျှသူဟာ ၁၄၀၀ ကျော်ရှိခဲ့ပြီး ၊ Kyaw Myat Thu ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားထားတဲ့ အကြောင်းအရာကို ထပ်ဆင့်ဝေမျှထားသူ ၁၀၀ နီးပါးရှိနေပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

သတင်းဆန်းစစ်ချက်

လူမှုကွန်ယက်ပေါ်မှာ ရေးသားဖြန့်ဝေထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ခေါ်ယူထားတဲ့ နိုင်ငံခြားသား အကြံပေးတွေ မြန်မာ့နိုင်ငံရေးမှာ ဝင်မပါဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သတိပေးလိုက်ပြီ ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် ဆန်းစစ်ကြည့်တဲ့အခါ သတင်းအမှားဖြစ်ကြောင်း တွေ့ရပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံရုံးနဲ့ သမ္မတရုံးမှာ နိုင်ငံခြားသား အကြံပေး ၉၀ ကျော်ခန့်ထားတယ်ဆိုတဲ့ အကြောင်းအရာဟာ မကြာခဏ ထွက်ပေါ်လာလေ့ရှိတဲ့ သတင်းအမှားတစ်ပုဒ် ဖြစ်ပြီး သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက နိုင်ငံတော်အတိုင်ပင်ခံရုံးနဲ့ သမ္မတရုံးမှာ နိုင်ငံခြားသားအကြံပေး ခန့်အပ်ထားခြင်းမရှိဘူးလို့ အတည်ပြုထားပါတယ်။

လက်ရှိ နိုင်ငံတော်သမ္မတရုံးမှာ အကြံပေးပုဂ္ဂိုလ် ၄ ဦး ခန့်အပ်ထားပြီး ဥပဒေဆိုင်ရာ အငြိမ်းစား ဝန်ထမ်း ကို ဥပဒေရေးရာ အကြံပေး၊ နိုင်ငံခြားရေးရာအငြိမ်းစား ဝန်ထမ်းတစ်ဦးကို နယ်စပ်ဆိုင်ရာ အကြံပေး နဲ့ ရခိုင်ပြည်နယ် နယ်/လုံ ဝန်ကြီးဟောင်း တစ်ဦးကို ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးအဖြစ် ခန့်အပ်ထားပါတယ်။


ဒါ့အပြင် ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တစ်စုံတစ်ရာ ပြောဆိုထားခြင်း မရှိသလို တရားဝင်သတင်းမီဒီယာတွေမှာပါ ပြောကြားခဲ့ခြင်း မရှိပါဘူး။ တပ်မတော်ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်ဖြစ်တဲ့ တပ်မတော်သတင်းမှန် ပြန်ကြားရေး ပေ့ချ်မှာလည်း ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ပြောကြားထားခြင်း မရှိသလို တပ်မတော်ရဲ့ မြဝတီ Website မှာလည်း ရေးသားဖော်ပြထားခြင်း မရှိပါဘူး။ သတင်းအမှားဖြန့်သူဟာ ကာချုပ်နာမည်ကို အသုံးပြုပြီး နိုင်ငံရေးအမြတ်ထုတ်ထားတဲ့ ဝါဒဖြန့်သတင်းအမှားကို ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။ 

 


Related Stories