HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

စစ်ကောင်စီ ပြိုလဲပြီး ဝန်ကြီး ၅၆ ယောက် နုတ်ထွက်တယ်ဆိုတဲ့ သတင်းအတု

အာဏာသိမ်းစစ်ကောင်စီ ပြိုလဲပြီး ၎င်းလက်အောက်က ဝန်ကြီး ၅၆ ယောက် နှုတ်ထွက်သွားတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 25 Jan 2023 4:44 PM GMT

အဆိုပါ သတင်းအတုကို Krovan Kamsan ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားနဲ့အတူ Video တစ်ပုဒ် တွဲတင်ထားပါတယ်။ အဆိုပါ Video ဟာ ၁၇ မိနစ်ကျော် ကြာမြင့်ပြီး Video ရဲ့ နောက်ခံဓါတ်ပုံပေါ်မှာ စစ်ကောင်စီပြန်ကြားရေးက ဇော်မင်းထွန်းရဲ့ ဓါတ်ပုံကို အသုံးပြုထားပြီး ဓါတ်ပုံအပေါ်မှာ “စစ်ကောင်စီ ထွက်ခွင့်ပေးလိုက်ပြီ။ ၁၉ ရက်ည နကစ အစိုးရသက်တမ်း ၁၇ ရက်သာ ရှိတော့လို့ ကြိုပြီးပြေးနေကြပြီ။ ဝန်ကြီး ၅၆ ယောက် နှုတ်ထွက်ပြီ” (မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။ အဆိုပါ video ကို လူမှုကွန်ယက်ပေါ်ဖြန့်ဝေရာမှာ “နစက ပြိုလဲပြီ၊ နောက်ကျလို့မရလို့ နှုတ်ထွက်ပါပြီ လုပ်နေကြပြီ” လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ video ကို like လုပ်ထားသူ ၂၀၀ ကျော်နဲ့ ဝင်ရောက်ကြည့်ရှု့ထားသူ ၆၀၀၀ ကျော်ရှိကာ တစ်ခြားဖေ့စ်ဘွတ်ပေ့ချ်တွေကလည်း ဖော်ပြထားကြပါတယ်။

သတင်းဆန်းစစ်ချက်

စစ်ကောင်စီ ပြိုလဲပြီး ၎င်းလက်အောက်က ဝန်ကြီး ၅၆ ယောက် နုတ်ထွက်ပြီလို့ ဖြန့်ထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လိမ်ညာဖြန့်ဝေထားတဲ့ သတင်းအမှားတစ်ပုဒ် ဖြစ်တာကို တွေ့ရပါတယ်။

စစ်ကောင်စီဟာ ခုချိန်ထိ အားဏာသိမ်းကာ ရွေးကောက်ပွဲ ကျင်းကဖို့နဲ့ ၎င်းကိုဖြုတ်ချဖို့ ကြိုးစားနေတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ တိုက်ခိုက်နေဆဲဖြစ်ပြီး ပြိုလဲသွားခြင်းလည်း မရှိသလို ဝန်ကြီးတွေ နုတ်ထွက်သွားခြင်းလည်း မရှိပါဘူး။

ဒီ သတင်းအမှားဟာ ဝင်ရောက်ကြည့်ရှု့သူများအောင် ဖန်တီးကာ ငွေရှာနေတဲ့ Clickbaits သတင်းတစ်ပုဒ်သာဖြစ်ပြီး Video အတွင်းမှာတော့ သတင်းခေါင်းစဉ်တွေ နောက်ခံဓါတ်ပုံတွေမှာ ပြောထားတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။ Video အတွင်းမှာ တစ်နေ့တာ ထွက်ပေါ်ခဲ့တဲ့ စစ်ရေးသတင်းတွေကိုသာ ဖော်ပြထားပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ကြည့်ရှု့သူအရေအတွက်ကနေ ဝင်ငွေပြန်ရှာနေတဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Related Stories