HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဗိုလ်နဂါးကို အသေဖမ်းဆီးရမိတယ်ဆိုတဲ့ သတင်းအတု

စစ်ကိုင်းတိုင်းအတွင်းက မြန်မာ့တော်ဝင်နဂါးတပ်တော်ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်နဂါးကို စစ်ကောင်စီတပ်တွေက အသေဖမ်းဆီးရမိတယ်ဆိုတဲ့ သတင်းအမှားတွေ ဒီရက်ပိုင်းထဲပျံ့နှံ့ခဲ့ပါတယ်။

By - Boom Live Myanmar | 19 July 2022 11:55 AM GMT

အဆိုပါ သတင်းအမှားကို ကောင်းကင်ပြာဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဇူလှိုင်လ ၁၄ ရက်နေ့ ည ၁၁ နာရီ ၄ မိနစ်မှာ စစ်တပ်ထောက်ခံသူတွေ သီးသန့်ရှိတဲ့ "Khit Bone Kha 🇲🇲 သတင်းမှန်များ စုစည်းရာ 🇲🇲 2🇲🇲" ဆိုတဲ့ ဖေ့စ်ဘွတ်ဂရုထဲမှာဖြန့်ဝေထားတာ ဖြစ်ပါတယ်။ ၎င်း သတင်းအမှားထဲမှာ "ဗိုလ်နဂါးခေါ် ဗိုလ်တီကောင် အသေရသည်ဟု သတင်းရ။ အတည်ပြုပြီးရင် ထပ်တင်ပေးပါမယ်" လို့ ရေးသားကာ ရေးသားသူနေရာမှာ "မျိုးချစ်မြန်မာ" လို့ ဖော်ပြထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။

အဆိုပါ သတင်းအမှားကို Like လုပ်ထားသူ ၄၀၀ ကျော်နဲ့ မှတ်ချက်ရေးသားသူ ထပ်ဆင့်ဝေမျှသူတွေရှိကာ တစ်ခြားဖေ့စ်ဘွတ်အကောင့်တွေကလည်း ကူးယူဖော်ပြထားကြပါတယ်။

သတင်းဆန်းစစ်ချက်

စစ်ကိုင်းတိုင်းအတွင်းက မြန်မာ့တော်ဝင်နဂါးတပ်တော်ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်နဂါးကို စစ်ကောင်စီတပ်တွေက အသေဖမ်းမိတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဗိုလ်နဂါးဟာ လက်ရှိအချိန်ထိ ၎င်းရဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ဦးစီးလျှက်ရှိပြီး သေဆုံးခြင်း ဖမ်းဆီးခံရခြင်းလည်း မရှိသလို မည်သူ့ သတင်းမီဒီယာမှာမှလည်း ဒီအကြောင်းအရာကို ရေးသားဖော်ပြထားခြင်း မရှိပါဘူး။

ဗိုလ်နဂါးရဲ့ ဖေ့စ်ဘွတ်အကောင့် ၂ ခုထဲက တစ်ခုဖြစ်တဲ့ ဗိုလ်ထင်လင်း ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာလည်း အခုချိန်ထိ စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်မယ့် အကြောင်းအရာတွေကို ရေးသားနေဆဲ ဖြစ်သလို မြန်မာ့တော်ဝင်နဂါးတပ်တော်ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာလည်း ပြည်တွင်းပြည်ပက လှူဒါန်းတဲ့ အလှူရှင်တွေကို ဗိုလ်နဂါး လက်မှတ်နဲ့ ဂုဏ်ပြု မှတ်တမ်းလွှာတွေ ထုတ်ပေးနေဆဲ ဖြစ်ပါတယ်။

ဗိုလ်နဂါး ရဲ့ ဖေစ့်ဘွတ်အကောင့် ၂ ခုနဲ့ ၎င်းရဲ့ မြန်မာ့တော်ဝင် နဂါးတပ်တော်ရဲ့ Page မှာ တင်ထားတဲ့ ပိုစ့်တွေ အကြောင်းအရာတွေ ဒီနေရာဒီနေရာ နဲ့ ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။




Related Stories