HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

KNPP က တောင်ယာတွေမှာ မိုင်းထောင်တယ် ဆိုတဲ့ သတင်းအမှား

မိုင်းရှင်းလင်းနေတဲ့ ဓါတ်ပုံတွေကို အသုံးပြုပြီး KNPP အဖွဲ့က ပြည်သူတွေ တောင်ယာလုပ်ကိုင်နေတဲ့ နေရာမှာ မိုင်းထောင်နေတယ် ဆိုတဲ့ သတင်းအမှားဖြန့်ဝေမှုတွေ ရှိနေပါတယ်။

By - Boom Live Myanmar | 31 March 2022 6:13 AM GMT

အဆိုပါ သတင်းအမှားကို Min Agga ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က မတ်လ ၂၉ ရက်နေ့ မနက် ၉ နာရီ ၅၈ မိနစ်မှာ ရေးသားဖြန့်ဝေထားတာ ဖြစ်ပြီး သတင်းအမှားရဲ့ ခေါင်းစဉ်မှာ "KNPPအကြမ်းဖက်အဖွဲ့များမှပြည်သူများတောင်ယာလုပ်ကိုင်သည့် နေတွင် မိုင်းများထောင်ခြင်းပြုလုပ်နေကြောင်းသိရ" (မူရင်းရေးသားထားသည့် အတိုင်း) လို့ ရေးသားထားပါတယ်။

သတင်းအမှားရဲ့ အတွင်းမှာတော့ "KNPP အကြမ်းဖက်အဖွဲ့များမှ ပြည်သူများတောင်ယာလုပ်ကိုင်သည့် နေတွင် မိုင်းများထောင်ခြင်း ပြုလုပ်နေကြောင်းသိရ ပြည်သူတွေအလုပ်လုပ်ကိုင်နေတဲ့အချိန် အန္တရာယ်ဖြစ်အောင် မိုင်းထောင်ခြင်းများ ပြုလုပ်သောကြောင့် ကယားပြည်နယ် ဒီမောဆို အတွင်းရှိ ဒေသခံ ပြည်သူများ ကြောက်ရွံနေကြရပါတယ် စစ်ကြောင်းကိုထောင်သလိုနဲ့တောင်ယာသွားရင် ပြည်သူကိုထိရင် တပ်ကထောင်တယ်ဆိုပြီးတော့ မဟုတ်မမှန်တွေပြန်ရေးသားမှာဆိုးလို့ သတင်းမှန်သက်သေအဖြစ် ပုံတွေတင်ပေးလိုက်ပါသည်" (အသုံးအနှုန်း မူရင်းအတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာဒီနေရာဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။

အဆိုပါ သတင်းအမှားကို Like လုပ်ထားသူ များစွာနဲ့ ထပ်ဆင့်ဝေမျှထားသူတွေ ရှိကာ တခြားဖေ့စ်ဘွတ်အကောင့်ပေါင်း များစွာကလည်း ကူးယူဖော်ပြနေကြပါတယ်။

သတင်းဆန်းစစ်ချက်

KNPP က ပြည်သူတွေ တောင်ယာလုပ်ကိုင်နေတဲ့ နေရာမှာ မိုင်းထောင်နေတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝါဒဖြန့် လုပ်ကြံရေးသားထားတဲ့ သတင်းအမှားဖြစ်တာကို တွေ့ရပါတယ်။

၎င်းတို့ အသုံးပြုထားတဲ့ ဓါတ်ပုံတွေဟာ Karenni Nationalities Defense Force – B-02 (KNDF) က မတ်လ ၂၈ ရက်နေ့မှာ စစ်ကောင်စီတပ်တွေ ထောင်ထားတဲ့ မိုင်းတွေ ရှင်းလင်းရေး ဆောင်ရွက်နေတဲ့ ဓါတ်ပုံတွေ ဖြစ်ပါတယ်။ KNDF က မိုင်းရှင်းလင်းရေး ဆောင်ရွက်နေတဲ့ တော်လှန်ရေးရဲဘော် တစ်ဦးက "တောင်သူတွေ..ထွန်ယှက်စိုက်ပျိုးချိန်ရောက်ပြီမို့ စကစ MAL တွေ ထောင်ထားတဲ့မှိိုင်း များကို စွန့်စားစွား သွားရောက်ဖော်ယူပေးခဲ့တဲ့ B-O2 ခွဲ၂" (မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားပြီး အဆိုပါ ဓါတ်ပုံတွေကို တင်ထားတာ ဖြစ်ပါတယ်။

အဆိုပါ မိုင်းရှင်းလင်းရေး လုပ်ငန်းဆောင်ရွက်နေတဲ့ အကြောင်းအရာကို KNDF – B-02 တင်ထားတဲ့ သတင်းကို ဒီမှာ ကြည့်ပါ။


KNDF က တောင်ယာလုပ်ကိုင်သူတွေ အန္တရာယ်ကင်းအောင် မိုင်းရှင်းလင်း ပေးနေတဲ့ အကြောင်းအရာကို Chindwin News Agency က တင်ထားတဲ့ သတင်းကို ဒီနေရာ နဲ့ ဒီနေရာ မှာဖတ်ပါ။


သတင်းအမှားဖြန့်တဲ့ ဖေ့စ်ဘွတ်အကောင့်တွေ ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ စစ်ကောင်စီကို ထောက်ခံအားပေးနေတဲ့ ဖေ့စ်ဘွတ်အကောင့်တွေ ဖြစ်တာကို တွေ့ရပြီး ဝါဒဖြန့် သတင်းအမှားတွေ ဆက်တိုက်ဖြန့်နေတာကို တွေ့ရပါတယ်။

 


 


Related Stories