HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

AA တပ်ချုပ်ကို NUG စစ်ဦးစီးချုပ်ခန့်လိုက်ပြီဆိုတဲ့ သတင်းအမှား

ရက္ခိုင့်တပ်တော် AA ရဲ့ တပ်ချုပ်ကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စစ်ဦးစီးချုပ်ခန့်လိုက်ပြီဆိုတဲ့ သတင်းအမှားတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 18 Feb 2023 3:45 AM GMT

အဆိုပါ သတင်းအမှားကို Man Media ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်တစ်ခုက ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၉ မိနစ်နီးပါးကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ Video ရဲ့ နောက်ခံဓါတ်ပုံပေါ်မှာ သေနတ်ထမ်းပြီး ချီတက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဆင်တူတဲ့ တပ်သားတွေရဲ့ ဓါတ်ပုံကို ဖော်ပြထားပြီး ဓါတ်ပုံပေါ်မှာ “AA တပ်ချုပ်ကို NUG စစ်ဦးစီးချုပ် ခန့်အပ်၊ ငါတို့နိုင်ဖို့ သေချာပြီ” ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးသားထားပါတယ်။ လူမှုကွန်ယက်ပေါ် ဖြန့်ဝေရာမှာလည်း အဆိုပါအတိုင်း ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ Video ကို like လုပ်ထားသူ ၁၅၀၀၀ ကျော်နဲ့ ဝင်ရောက်ကြည့်ရှု့ထားသူ ၃ သိန်း ၇ သောင်းကျော်ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

ရက္ခိုင့်တပ်တော်က တပ်ချုပ်ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ စစ်ဦးစီးချုပ် ခန့်အပ်လိုက်ပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

ရက္ခိုင့်တပ်တော်က စစ်ဦးစီးချုပ်ကို NUG စစ်ဦးစီးချုပ်အဖြစ်ခန့်အပ်ထားခြင်း မရှိသလို မည်သည့်သတင်းဌာန အဖွဲ့အစည်းကမှလည်း ဖော်ပြထားခြင်း မရှိပါဘူး။ သတင်းအမှားဖြန့်သူတွေက ၎င်းတို့ Video ကို ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားခြင်းသက်သက်သာဖြစ်ပါတယ်။

ဒါ့အပြင် သတင်းအမှား Video ထဲမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ သတင်းအမှား Video ထဲမှာတော့ “စစ်ဦးစီးချုပ်ခန့်အပ်သွားမည်ဟု NUG ပြော” ဆိုတဲ့ သတင်းတစ်ပုဒ်ကိုသာ ဖော်ပြထားပါတယ်။ Video ထဲမှာ ပါဝင်တဲ့ သတင်းကို ဒီနေရာမှာ ကြည့်ပါ။

သတင်းအမှားဖြန့်ထားတဲ့ Page ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ကြည့်ရှု့သူအရေအတွက်များအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှု့သူအရေအတွက်ကနေ ဝင်ငွေပြန်ရှာနေတဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Related Stories