HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ကလေး-တမူးလမ်းပိုင်းမှာ ရဲအယောင်ဆောင် PDF တွေကို ဖမ်းမိတယ်ဆိုတဲ့ သတင်းအတု

စစ်ကိုင်းတိုင်း၊ တမူးခရိုင်မှာ ရဲအယောင်ဆောင်ထားတဲ့ PDF တွေကို ဖမ်းမိတယ်ဆိုတဲ့ သတင်းအမှားတွေ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 19 Jan 2022 8:20 AM GMT

အဆိုပါ သတင်းအမှားကို Kyaw Thiha ဆိုတဲ့ ဖေ့စ်ဘွတ်အကာင့်က ဇန်နဝါရီလ ၁၇ ရက်နေ့ ည ၁၀ နာရီ ၈ မိနစ်မှာ ရေးတင်ထားတာ ဖြစ်ပြီး ဓါတ်ပုံ ၃ ပုံ အသုံးပြုကာ "စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ကလေး-တမူးလမ်းပိုင်း အာရှလမ်းမပေါ်တွင်ရဲတပ်ဖွဲ့ အယောင်ဆောင် အကြမ်းဖက် PDF အဖွဲ့ အားမြန်မာတပ်မတော် ကွန်မန်ဒို ၃ဦးမှ လက်ရဖမ်းဆီးရရှိ၊ ၄ဦးသေဆုံး၍ ၁၀ဦး အရှင်ဖမ်းမိ" လို့ ရေးသားထားပါတယ်။

၎င်း ဓါတ်ပုံ ၃ ပုံမှာ ပထမပုံဟာ ရဲဝတ်စုံတွေ၊ သေနတ်တွေ၊ ရဲမှတ်တမ်းဖိုင်တွေနဲ့ သက်သေခံ ကဒ်ပြားတွေကို အခင်းတစ်ခုပေါ်ချကာ ရိုက်ကူးထားတဲ့ ဓါတ်ပုံဖြစ်ပြီး၊ ဒုတိယ ဓါတ်ပုံဟာ ကားတစ်စီး တိမ်းမှောက်နေကာ လူတွေ၊ ကားပေါ်ပါလာတဲ့ ပစ္စည်းတွေ ပြန့်ကျဲနေတဲ့ပုံ ဖြစ်ပါတယ်။ တတိယ ဓာတ်ပုံကတော့ အခင်းပေါ် ချထားတဲ့ ရဲဝတ်စုံတွေ သေနတ်တွေနဲ့အတူ ပျောက်ကျားဝတ်စုံဝတ်ထားတဲ့ လူငယ် ၃ ဦး သေနတ်ကိုင်ကာ ရိုက်ကူးထားတဲ့ပုံ ဖြစ်ပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာ မှာကြည့်ပါ။

အဆိုပါ သတင်းအမှားကို Kyaw Thiha ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က သူ့ရဲ့ ကိုယ်ပိုင်ဖေ့စ်ဘွတ်အကောင့်မှာ တင်ထားသလို၊ အမျိုးချစ်တို့ ဆုံဆည်းရာ ဆိုတဲ့ ဖေ့စ်ဘွတ် Group တစ်ခုနဲ့ နိုင်ငံချစ်သူများဆိုတဲ့ ဖေ့စ်ဘွတ် Group တို့မှာလည်း တင်ထားပါတယ်။ ၎င်းရဲ့ ပိုစ့်တွေကို လူပေါင်း ရာနဲ့ချီပြီး ထပ်ဆင့်ဝေမျှနေကြပါတယ်။

သတင်းဆန်းစစ်ချက်

Kyaw Thiha ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာတင်ထားတဲ့ ကလေး-တမူးလမ်းပိုင်းမှာ ရဲအယောင်ဆောင် PDF တွေကို ဖမ်းမိတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် ဆန်းစစ်ကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

သတင်းအမှားထဲမှာ အသုံးပြုထားတဲ့ ဓါတ်ပုံတွေဟာ ဇန်နဝါရီလ ၁၇ ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ တမူးမြို့ကို ထွက်ခွာလာတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တမူး PDF တပ်ရင်း ၃ က မိုင်းဆွဲတိုက်ခဲ့စဉ်က ဓါတ်ပုံတွေ ဖြစ်ပါတယ်။ ၎င်း မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီဘက်က ရဲမှူး ၁ ဦးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့ကာ ခြောက်လုံးပြူးသေနတ် နဲ့ အခြား သေနတ်သုံးလက်၊ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဆက်စပ်တဲ့ပစ္စည်းတွေ၊ ရဲသက်သေခံကဒ်ပြားတွေ၊ နိုင်ငံသား စိစစ်ရေးကဒ်ပြားတွေ သိမ်းဆည်း ရမိခဲ့တာဖြစ်ပါတယ်။

တမူး PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့ သတင်းကို ဒီမှာ ဖတ်ပါ။

သတင်းအမှားဖြန့်တဲ့ Kyaw Thiha ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ မည်သူမည်ဝါဆိုတာ ဖော်ပြထားခြင်းမရှိတဲ့ အကောင့်တုတစ်ခုသာဖြစ်ပြီး စစ်ကောင်စီကို ထောက်ခံရေးသားကာ ဝါဒဖြန့် သတင်းအမှားတွေ ဆက်တိုက်ဖြန့်နေတာကိုလည်း တွေ့ရပါတယ်။

Related Stories