HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

NLD ရုံးချုပ်တွေ ချိတ်ပိတ်တယ် ဆိုတဲ့ သတင်းအတု

သတင်းအမှားဖြန့်ပြီး ဝါဒဖြန့်နေကြတဲ့ အဖွဲ့ဟာဒီရက်ပိုင်းအတွင်း NLD ပါတီကို တိုက်ခိုက်မှုတွေ ပိုမိုပြုလုပ်လာတာကို တွေ့ရပါတယ်။

By - Boom Live Myanmar | 12 Feb 2021 4:18 AM GMT

သီရိဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ဟာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ည ၁၁ နာရီ ၂၅ မိနစ်မှာ NLD ပါတီရုံးချုပ်တွေ ချိတ်ပိတ်ထားပြီဆိုတဲ့ သတင်းအမှားတွေ ဖြန့်ဝေထားပါတယ်။

အဲ့ဒီသတင်းအမှားထဲမှာ "NLD ပါတီရုံးချုပ် (ရန်ကုန်)၊ NLD ပါတီရုံးချုပ်၊ (မန္တလေး) ချိတ်ပိတ်" လို့ ရေးတင်ထားပါတယ်။ အဲ့ဒီသတင်းအမှားကို Like လုပ်ထားသူ ၃၃၀၀ ကျော်ရှိပြီး မှတ်ချက်ရေးသားသူ ၁၀၀ နီးပါးခန့်ရှိကာ ထပ်ဆင့်ဝေမျှထားသူ ၄၀၀ ကျော်ရှိနေပါတယ်။ မှတ်ချက်ရေးသားသူ အများစုဟာ NLD ပါတီကို အပြီးတိုင်ဖျက်သိမ်းသင့်ကြောင်း ပါတီဝင်တွေကိုပါ ဖမ်းဆီးသင့်ကြောင့် ၊ပါတီရုံးတွေအားလုံးကို ချိတ်ပိတ်သင့်ကြောင်း ရေးသားနေကြပြီး ရေးသားဖြန့်ဝေသူတွေရဲ့ ဖေ့စ်ဘွတ်အကောင့်ဟာ ဘယ်သူဘယ်ဝါမှန်း ဖော်ပြလို့မရတဲ့ အကောင့်တု တစ်ခုဖြစ်တာကို တွေ့ရပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

သတင်းဆန်းစစ်ချက်

သီရိဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က တင်ထားတဲ့ NLD ပါတီရဲ့ ရန်ကုန်ရုံးချုပ်နဲ့ မန္တလေးရုံးချုပ်တွေ ချိတ်ပိတ်ထားပြီဆိုတဲ့ သတင်းကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝါဒဖြန့်တိုက်ခိုက်ထားတဲ့ သတင်းအမှားဖြစ်ကြောင်း တွေ့ရပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံ ၊ သမ္မတ၊ NLD ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ဖမ်းဆီးထိန်းသိမ်းခံရပြီး ရက်ပိုင်းအတွင်းမှာ စစ်သားတချို့က ရန်ကုန် NLD ရုံးချုပ်က သော့ကို ဖျက်ပြီးဝင်ရောက်စီးနင်းကာ စာရွက်စာတမ်းအချို့နဲ့ မီးခံသေတ္တာထဲက ငွေစုစာအုပ်တွေ ယူဆောင်သွားပါတယ်။

နိုင်ငံရေးအသိုင်းအဝိုင်းအတွင်းမှာတော့ NLD ပါတီကို မတရားအသင်းအဖြစ်ကြေငြာဖို့ လိမ်ရွက်စာတမ်းတွေ သိမ်းယူပြီး စာရွက်စာတမ်းအတုတွေနဲ့ လိမ်ညာဖန်တီးဖို့ ကြံနေတဲ့အတွက် ရုံးချုပ်ကို ဝင်ရောက်စီးနင်းတာဖြစ်တယ်လို့ မှတ်ချက်ပေးကြပါတယ်။ လက်ရှိ NLD ခေါင်းဆောင်တွေ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ အချိန်အထိ NLD ရုံးချုပ်က ဖွင့်ထားဆဲ ဖြစ်ပါတယ်။

Related Stories