HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

အရာတော်မြို့နယ် တိုက်ပွဲအတွင်း PDF ၇၀ ကျော် ကျဆုံးဆိုတဲ့ သတင်းအတု

စစ်ကိုင်းတိုင်း အရာတော်နယ်ထဲက PDF စခန်းနှစ်ခု ဝင်ရောက်စီးနင်းခံရမှုမှာ PDF ၇၀ ကျော် ကျဆုံးပြီး မုဒိမ်းကျင့် သတ်ဖြတ်ခံထားရတဲ့ အမျိုးသမီးအလောင်း ၉၀ ကျော် တွေ့ရှိတယ်ဆိုတဲ့ ရေးသားဖြန့်ဝေနေတာတွေဟာ လုပ်ကြံဖြန့်ဝေထားတဲ့ သတင်းအတုတွေဖြစ်ပါတယ်။

By - Boom Live Myanmar | 23 Oct 2021 3:03 AM GMT

ဒီအကြောင်းအရာတွေကို အောက်တိုဘာလ ၂၂ ရက်နေ့ ညပိုင်းမှာ စစ်တပ်ထောက်ခံတဲ့ ဖေစ့်ဘွတ်အကောင့်တွေ၊ ဂရုတွေနဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ရေးသားဖြန့်ဝေနေတာပါ။

ရေးသားထားတာမှာ "အရာတော်တောင်နယ်ထဲက အကြမ်းဖက်PDF စခန်းနှစ်ခုကို အနော်ရထာတပ်တွေ ဝင်ရောက်စီးနင်းခဲ့မှုမှာ PDF အယောက် ၇၀ ကျော် ကျဆုံးကြောင်း၊ စခန်းနှစ်ခုဝင်သိမ်းရာမှာ အဝတ်မပါ အသက်မဲ့ အမျိုးသမီးရုပ်အလောင်း 90 ကျော်ကို လက်ပြန်ကြိုးတုပ်နှောင် အနေအထားနဲ့ မြေကျင်းတွေထဲမှာ မုဒိမ်းကျင့်သတ်ဖြတ်ခံထားရတာကို တွေ့ရှိရကြောင်းနဲ့ ပညာရေးနယ်ပယ်မှ CDM ဝန်ထမ်းတွေဖြစ်ပြီး သူလျှိုလို့ စွပ်စွဲပြီး အုပ်စုဖွဲ့သတ်ဖြတ်ကြတာ ဖြစ်ကြောင်း" လုပ်ကြံရေးသား ထားတာပါ။

ဖြန့်ဝေမှုတွေကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

 အရာတော်မြို့နယ်ထဲက ဒေသကာကွယ်ရေး တပ်စခန်း ၂ ခု မီးရှို့ဖျက်ဆီးခံရမှုဟာ မှန်ကန်ပေမယ့် ကျန်အချက်တွေ အားလုံးဟာ လုပ်ကြံရေးသားထားတဲ့ သတင်းအတုသာ ဖြစ်ပါတယ်။

ဒီသတင်းကို Mizzima သတင်းဌာနက အောက်တိုဘာလ ၂၂ ရက် နေ့လည်မှာ ရေးသားဖော်ပြထားတာမှာ အပြန်အလှန် ပစ်တာမျိုး၊ ထိပ်တိုက်တွေ့ဆုံတာမျိုး မရှိကြောင်းနဲ့ ရဲဘော်နှစ်ယောက် ဖမ်းဆီးခံခဲ့ရကြောင်းသာ ရေးသားထားပါတယ်။


စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ဒေသကာကွယ်ရေးစခန်းနှစ်ခုမှာ အရာတော် Local Ranger - LRG ဒေသခံကာကွယ်ရေးတပ်ဖွဲ့စခန်း နှင့် Monywa Ranger တပ်စခန်းဖြစ်ကြောင်းလည်း ရေးသားထားပါတယ်။

Mizzima သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

Related Stories