HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ကိုဂျင်မီ ရှိတဲ့နေရာကို မင်းကိုနိုင်က ဖော်ကောင်လုပ်တယ် ဆိုတဲ့ သတင်းအမှား

ကိုဂျင်မီ ရှောင်းတိမ်းနေတဲ့ နေရာကို ကိုမင်းကိုနိုင်က ဖော်ကောင်လုပ်ခဲ့တယ် ဆိုတဲ့ သတင်းအမှား တစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 9 Nov 2021 10:57 AM GMT

အဆိုပါ သတင်းအမှားကို အောက်တိုဘာလ ၂၇ ရက်နေ့မှာ လူမှုကွန်ယက်ပေါ် ဖြန့်ဝေခဲ့ကြတာဖြစ်ပြီး ၎င်းသတင်းအမှားကို ဖြန့်ဝေရာမှာ ကိုမင်းကိုနိုင်ရဲ့ ဓါတ်ပုံ တစ်ပုံ အသုံးပြုထားပြီး ဓါတ်ပုံအပေါ်မှာ "ဂျင်မီရဲ့ နေရာကို စကစ သိအောင် လက်ထောက်ချသူ မင်းကိုနိုင်" လို့ ရေးသားထားပါတယ်။ အဲ့ဒီ ဓါတ်ပုံနဲ့ အတူ တောထဲမှာ PDF အချင်းချင်း ဒလန်လို့ စွတ်စွဲကာ သတ်ဖြတ်နေကြကြောင်း၊ စစ်ဆေးရုံပေါ်မှာ ကိုဂျင်မီရဲ့ ထွက်ဆိုချက်အရ ကိုမင်းကိုနိုင်တို့ ယူပြေးသွားတဲ့ ဒေါ်လာတွေကို ကိုဂျင်မီက PDF အတွက် လက်နက်ဝယ်ဖို့ ပြန်တောင်းရင်း အပြန်အလှန်ရန်ဖြစ်ကာ ကိုမင်းကိုနိုင်က ကိုဂျင်မီတိမ်းရှောင်နေတဲ့ ပင်လုံက အိမ်လိပ်စာကို ပေးကာ လက်ထောက်ချ ဖော်ကောင်လုပ်ခဲ့တယ်လို့ ၎င်း သတင်းအမှားထဲ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာဒီနေရာဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ သတင်းအမှားကို ဖေ့စ်ဘွတ်အကောင့်များစွာက ကူးယူဖော်ပြနေသလို ထပ်ဆင့်ဖြန့်ဝေသူ များစွာလည်း ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

ကိုဂျင်မီ တိမ်းရှောင်နေရာ နေရာကို ကိုမင်းကိုနိုင်က ဖော်ကောင် လုပ်ခဲ့တယ်လို့ ရေးသားထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝါဒဖြန့်ထားတဲ့ သတင်းအမှားဖြစ်တာကို တွေ့ရပါတယ်။

ကိုမင်းကိုနိုင်နဲ့ ကိုဂျင်မီ အကြားမှာ ဘာပြဿနာမှ မရှိသလို ဖော်ကောင်လုပ် လက်ထောက်ချခဲတ်ဆိုတဲ့အခြေအနေလည်းတကယ်မရှိခဲ့ပါဘူး။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး NUG အစိုးရရဲ့ ရုပ်သံလိုင်းဖြစ်တဲ့ Public Voice Television ရဲ့ သတင်းလား၊ ဂျင်းလား အစီအစဉ်မှာ ဒီအကြောင်းအရာဟာ သတင်းအမှားဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

PVTV က ဖော်ပြထားတဲ့ သတင်းကို ဒီ Link မှာ ဝင်ကြည့်နိုင်ပါတယ်။



 


Related Stories