HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

PDF တွေ နေပြည်တော်နား ရောက်လာရင် ဒေါ်စုကို ကြိုးပေးမယ်လို့ စစ်ခေါင်းဆောင် ပြောတယ်ဆိုတဲ့ သတင်းအတု

PDF တွေ နေပြည်တော်ကနေ ၅ မိုင်အတွင်း ဝင်ရောက်လာရင် ဒေါ်အောင်ဆန်းစုကြည်ကို ကြိုးပေးမယ်လို့ စစ်ခေါင်းဆောင် ပြောထားတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 28 Feb 2024 3:18 PM GMT

အဆိုပါ သတင်းအတုကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ Aung Vlog အမည်နဲ့ YouTube ချန်နယ်တစ်ခုက ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁ မိနစ်ခွဲကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲသုံးထားတာ ဖြစ်ပါတယ်။ Video ရဲ့ နောက်ခံမှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓါတ်ပုံရယ် စစ်ကောင်စီခေါင်းဆောင်ရဲ့ ဓါတ်ပုံရယ် သတင်းကြေညာသူတစ်ဦးပါဝင်တဲ့ ဓါတ်ပုံကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “PDF တွေ နေပြည်တော်ကနေ ၅ မိုင်အတွင်း ဝင်ရောက်လာပါက အမေစုကို ကြိုးပေးသတ်မည်ဟု မင်းအောင်လှိုင် ခြိမ်းခြောက်ပြောဆို” (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ Video ကို YouTube ပေါ်ဝင်ရောက်ကြည့်ရှုထားသူ များစွာ ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

PDF တွေ နေပြည်တော်ကနေ ၅ မိုင်အတွင်း ဝင်ရောက်လာရင် ဒေါ်အောင်ဆန်းစုကြည်ကို ကြိုးပေးမယ်လို့ စစ်ခေါင်းဆောင် ခြိမ်းခြောက်ထားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

စစ်ကောင်စီတပ်တွေဟာ နယ်မြေအသီးသီးမှား ထိုးစစ်ဆင်ခံနေရပြီး တပ်စခန်းပေါင်း ရာနဲ့ချီဆုံးရှုံးကာ မြို့ပေါင်းများစွာလည်း အသိမ်းခံနေရပါတယ်။ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကလည်း မြို့သိမ်းတိုက်ပွဲတွေထက် စစ်ကောင်စီရဲ့ အဓိက မြို့ဖြစ်တဲ့ နေပြည်တော်ကို ထိုးဖောက်သွားမယ်လို့ ပြောကြားထားပါတယ်။ NUG ကလည်း လမ်းများအားလုံး နေပြည်တော်သို့ ဆိုတဲ့ ကမ်ပိန်းနဲ့ နေပြည်တော်ကို ထိုးစစ်ဆင်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။ ဒီလို ထိုးစစ်ဆင်မှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က ဘာမှပြောဆိုထားတာ မရှိသလို ဒေါ်အောင်ဆန်းစုကြည်အပေါ် တစ်စုံတစ်ရာ ခြိမ်းခြောက် ပြောဆိုထားခြင်းလည်း မရှိပါဘူး။

ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာနမှာမှ ဖော်ပြထားခြင်းမရှိသလို မည်သည့် မည်သည့်အဖွဲ့အစည်းမှာမှ ထုတ်ပြန်ထားခြင်းလည်းမရှိပါဘူး။ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Related Stories