HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

စစ်တပ်ဖျက်သိမ်းခံရပြီး တစ်နိုင်ငံလုံး အလံဖြူထောင် လက်နက်ချတယ်ဆိုတဲ့ သတင်းအတု

စစ်တပ်ဖျက်သိမ်းခံရပြီး တစ်နိုင်ငံလုံးက စစ်စခန်းတွေ အလံဖြူထောင် လက်နက်ချတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 27 March 2023 3:37 PM GMT

အဆိုပါ သတင်းအတုကို ဖေ့စ်ဘွတ်အကောင့်တုတွေနဲ့ လူမှုကွန်ယက်ပေါ်ကို ဖြန့်ဝေလာတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၃ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ ဖြန့်ဝေထားတာဖြစ်ပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံ ဓါတ်ပုံပေါ်မှာ စစ်သားတွေ ပါဝင်တဲ့ ဓါတ်ပုံတစ်ပုံကို တင်ထားပြီး ဓါတ်ပုံပေါ်မှာ “၂၆ ရက်အထူး။ စစ်သားမရှိတော့လို့ တစ်နိုင်ငံလုံး အလံဖြူထောင် လက်နက်ချကုန်ပြီ” လို့ ရေးသားထားပါတယ်။ ဒီ Video ကို လူမှုကွန်ယက်ပေါ်ဖြန့်ဝေရာမှာလည်း “စစ်တပ်ဖျက်သိမ်းခံရပြီ၊ တနိုင်ငံ စစ်စခန်းအလံဖြူထောင်ပြီးလက်နက်ချ” လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ သတင်းအတုကို Facebook ပေါ်မှာနဲ့ YouTube ပေါ်မှာ ဖြန့်ဝေထားကြပြီး ဝင်ရောက်ကြည့်ရှု့သူများစွာ ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

စစ်တပ်ဖျက်သိမ်းခံရပြီး တစ်နိုင်ငံလုံးအလံဖြူထောင်ပြီး လက်နက်ချတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဖျက်သိမ်းခြင်းလည်း မရှိသလို အလံဖြူလက်နက်ချခြင်းလည်း မရှိပါဘူး။ မတ်လ ၂၇ ရက်နေ့မှာ ကျင်းပတဲ့ စစ်ကောင်စီတပ်တွေရဲ့ တပ်မတော်နေ့အခမ်းအနားမှာ PDF တွေနဲ့ ၎င်းတို့ကို အကူအညီပေးနေတဲ့ EAOs တွေကို ပြတ်ပြတ်သားသားအရေးယူမယ်လို့ စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားထားပါတယ်။

ဒါ့အပြင် သတင်းအမှား Video ထဲမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ ၎င်းတို့တင်ထားတဲ့ YouTube Video ထဲမှာ စစ်ကောင်စီ စစ်ကြောင်းတစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်လိုက်တဲ့ သတင်းကိုသာ ဖော်ပြထားပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့တွေကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် သတင်းခေါင်းစဉ်တွေ၊ နောက်ခံဓါတ်ပုံတွေနဲ့ လိမ်ညာရေးသားပြီး ကြည့်ရှုသူရေအတွက်ကနေ ဝင်ငွေပြန်ရအောင်ဖန်တီးထားတဲ့ Cilckbaits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Related Stories