HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

မိုက်ကယ်ကျော်မြင့် ရှင်းလင်းခံရတယ်ဆိုတာ မဟုတ်ပါ

အမျိုးသားရေးအမည်နဲ့ ဘာသာရေး လှုံ့ဆာ်မှုတွေ မကြာခဏဖန်တီးလေ့ရှိတဲ့ မိုက်ကယ်ကျော်မြင့်ကို အင်းစိန်ဘူတာမှာ ပစ်သတ်လိုက်တယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ပျံ့နှံ့ခဲ့ပါတယ်။

By - Boom Live Myanmar | 30 Sep 2022 8:49 AM GMT

အဆိုပါ သတင်းအတုကို MAL Ko SAY MAY ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က စက်တင်ဘာလ ၂၉ ရက်နေ့ ည ၇ နာရီ ၄၄ မိနစ်မှာ ဖြန့်ဝေထားတာဖြစ်ပြီး ၈ မိနစ်ကျော်ရှိတဲ့ Video တစ်ပုဒ်တင်ထားပါတယ်။  Videoထဲမှာတော့ မိုက်ကယ်ကျော်မြင့်ရဲ့ ဓါတ်ပုံတစ်ပုံရယ်၊ ဘူတာရုံတစ်ခုက ဓါတ်ပုံတစ်ပုံရယ်၊ ပစ်ခတ်မှုဖြစ်စဉ်တစ်ခုက ဓါတ်ပုံတစ်ပုံ ကို ပေါင်းပြီး တစ်စုတည်းဖော်ပြထားပါတယ်။ အဆိုပါ ဓါတ်ပုံအပေါ်မှာ "တနိုင်ငံလုံးက PDF တေကို စိန်ခေါ်ထားတဲ့ မိုက်ကယ်ကျော်မြင့် အင်းစိန်ဘူတာမှာ ပစ်သတ်ခံရပြီ" လို့ ရေးသားထားကာ ဖေ့စ်ဘွတ်ပေါ်ဖြန့်ဝေရာမှာလည်း အဆိုပါအတိုင်းရေးသားထားကာ "PDF တွေကို စိန်ခေါ်တဲ့ကောင် အဝီစိမှာ ဂျိုးကပ်ပြီ" (မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ Video ကို Like လုပ်ထားသူ တစ်ထောင်ကျော်နဲ့ ဝင်ရောက်ကြည့်ရှု့ထားသူ ၃၇၀၀၀ ကျော်ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

အမျိုးသားရေးအမည်နဲ့ လှုပ်ရှားနေပြီး လူမျိုးရေး ဘာသာရေး ဆူပူမှုတွေ မကြာခဏ ဖန်တီးလေ့ရှိတဲ့ စစ်တပ်ထောက်ခံသူ မိုက်ကယ်ကျော်မြင့်ကို PDF တွေက အင်းစိန်ဘူတာမှာ ပစ်သတ်လိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လိမ်ညာရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

မိုက်ကယ်ကျော်မြင့်ဟာ ပစ်သတ်ခံရခြင်း မရှိပါဘူး။ ဒီအကြောင်းအရာကို မည်သည့် သတင်းဌာန အဖွဲ့အစည်းကမှလည်း ဖော်ပြထားခြင်း မရှိသလို ၎င်းရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ပိုစ့်တွေတင်ကာ ရေးသားဆဲ Live လွင့်ဆဲသာ ဖြစ်ပါတယ်။ မိုက်ကယ်ကျော်မြင့်ရဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

သတင်းအမှားကို ဖြန့်ဝေရာမှာ မိုက်ကယ်ကျော်မြင့် ပစ်သတ်ခံရတယ်လို့ ရေးသားထားပေမယ့် ၎င်း Video အတွင်းမှာတော့ "မြောက်ဥက္ကလာနဲ့ မင်္ဂလာဒုံ စစ်တပ်အရှေ့ ဗုံးတွေပေါက်တယ်ဆိုတဲ့သတင်း၊ အလုံ အင်းစိန် သာကေတတို့မှာ ပစ်ခတ်မှုတွေဖြစ်ပေါ်၊ မန္တလေးမှာ စစ်တပ်သတင်းပေးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးဆိုတဲ့သတင်း၊ ပေါက်နယ်ရှိ သရက်ကန်ရဲစခန်းကို စစ်ကောင်စီတပ်နဲ့ ရဲများက စခန်းကို မီးရှို့ပြီး စွန့်ခွာသွား ဆိုတဲ့သတင်း.." စတဲ့ အကြောင်းအရာတွေကိုသာ ဖော်ပြထားပါတယ်။ မိုက်ကယ်ကျော်မြင့်အကြောင်း လုံးဝ မပါဝင်ပါဘူး။

သတင်းအမှားဖြန့်ထားတဲ့ Page ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ လူအများဝင်ရောက် ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားကို တွေ့ရပြီး ကြည့်ရှု့သူအရေအတွက်ကနေ ဝင်ငွေပြန်ရှာနေတဲ့ Clickbaits သတင်းတွေ ဆက်တိုက်ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

Related Stories