HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ရသေ့တောင်မှာ AA တပ်ဖွဲတွေ အများအပြားသေဆုံးတယ်ဆိုတဲ့ သတင်းအတု

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ AA တပ်ဖွဲ့ဝင်တွေ အများအပြားသေဆုံးတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 30 Jan 2024 10:03 AM GMT

အဆိုပါ သတင်းအတုကို စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက စတင်ဖြန့်ဝေထားတာ ဖြစ်ပြီး ဖေ့စ်ဘွတ်အကောင့်တွေကတဆင့် လူမှုကွန်ယက်ပေါ် ဖြန့်ဝေထားတာ ဖြစ်ပါတယ်။ သတင်းအမှားကို ဖြန့်ဝေရာမှာ သေဆုံးနေတဲ့သူ ၅ ယောက်တန်းစီထားတဲ့ ဓါတ်ပုံကို သုံးထားပြီး “ရသေ့တောင်မှာရှိတဲ့ AAခဲဝါ အတုန်းအရုန်းသေဆုံး” (အသုံးအနှုန်း မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။ သတင်းအမှားအတွင်းမှာတော့ ရသေ့တောင်မြို့နယ်၊ ပြားကြီးကျေးရွာ အနီးမှာ စစ်တပ်ရဲ့ လက်နက်ကြီး နဲ့ ပစ်ခတ်မှုကြောင့် AA အဖွဲ့ဝင်တွေ အတုန်းအရုန်းသေဆုံးသွားကြောင်း အဆိုပါသေဆုံးတဲ့ အလောင်းတွေကို AA က အဖွဲ့နီးစပ်ရာ ဒေသခံတွေကို အဓမ္မခေါ်ယူ မီးရှို့ဖျက်ဆီးခိုင်းနေတယ်လို့ ရေးသားထားပါတယ်။

မူရင်းရေးသား ဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။ 

အဆိုပါ သတင်းအတုကို တယ်လီဂရမ်ချန်နယ်တွေအပြင် ဖေ့စ်ဘွတ်စာမျက်နှာပေါ်ပါ ဖြန့်ဝေထားကြပါတယ်။

သတင်းဆန်းစစ်ချက်

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ AA တပ်ဖွဲ့ဝင်တွေ အများအပြားသေဆုံးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

စစ်ကောင်စီတပ်တွေဟာ စစ်ဆင်ရေး ၁၀၂၇ စတင်ချိန်ကနေ အခုချိန်ထိ စခန်းတွေအများအပြား သိမ်းပိုက်ခံရကာ မြို့တွေ ၃၆ မြို့နယ်ထိ သိမ်းပိုက်ခံထားရပါတယ်။ စစ်ကောင်စီ တပ်သားတွေ အများအပြားသေဆုံးနေသလို ရာနဲ့ချီပြီး အလင်းဝင်တာတွေလည်း ရှိနေပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာလည်း တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်သားတွေ အများအပြားသေဆုံးကာ အထိနာနေတဲ့အတွက် စစ်တပ်ထောက်ခံသူတွေက တန်ပြန်ဝါဒဖြန့်လာတာ ဖြစ်ပါတယ်။ ဒါ့အပြင် သတင်းအမှားဖြန့်သူတွေက ၂၀၂၂ ခုနှစ်က စစ်တပ်ထောက်ခံသူတွေဖက်က ဖြန့်ဝေဖူးတဲ့ ဓါတ်ပုံအဟောင်းတွေကို သုံးပြီး ပြန်တင်ထားတာ ဖြစ်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့အဖွဲ့တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာတော့ စစ်ကောင်စီအတွက် ဝါဒဖြန့်ပေးနေတဲ့ တယ်လီဂရမ်ချန်နယ်တွေ၊ မည်သူမည်ဝါမှန်းဖော်ပြထားခြင်းမရှိတဲ့ ဖေ့စ်ဘွတ်အကောင့်တွေ ဖြစ်တာကို တွေ့ရပြီး စစ်ကောင်စီကို ထောက်ခံအားပေးတဲ့ ဝါဒဖြန့်သတင်းတွေ သတင်းအမှားတွေ ဆက်တိုက်ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Related Stories