HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

နမ့်ဖက်ကာ တပ်ရင်း မကျသေးဘူးဆိုတဲ့ သတင်းအမှား

ရှမ်းပြည်မြောက်ပိုင်း နမ့်ဖက်ကာက ခလရ (၁၂၃) တပ်ရင်း မကျသေးဘူးဆိုတဲ့ သတင်းအမှားတွေ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 16 Jan 2024 4:42 PM GMT

အဆိုပါ သတင်းအတုကို ဇန်နဝါရီလ ၁၆ ရက်နေ့ နေ့ခင်း ၁၁ နာရီ ၅၀ မိနစ်မှာ စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေကတဆင့် လူမှုကွန်ယက်ပေါ်ဖြန့်ထားတာ ဖြစ်ပါတယ်။ သတင်းအမှားကို ထဲမှာ “နမ့်ဖက်ကာ ခလရ (၁၂၃) ကျတယ်ဆိုတာ သတင်းအမှားပါ။ ယခုနောက်ဆုံးအခြေအနေပါ

အပြင်းအထန် ဖြစ်ပွားနေဆဲပါ” လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ သတင်းအမှားကို တယ်လီဂရမ်ချန်နယ်တွေအပြင် ဖေ့စ်ဘွတ်စာမျက်နှာပေါ်ပါ ဖြန့်ဝေထားကြပါတယ်။

သတင်းဆန်းစစ်ချက်

ရှမ်းပြည်မြောက်ပိုင်း နမ့်ဖက်ကာက စစ်ကောင်စီရဲ့ ခလရ (၁၂၃) တပ်ရင်း မကျသေးဘူးဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရွာကအမှတ် ခလရ (၁၂၃) ခြေလျင်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ် (KIA) က ဇန်နဝါရီလ ၁၄ ရက်နေ့ ညပိုင်းမှာ အပြီးသတ် သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ KIA က အဆိုပါ စခန်းကို ဒီဇင်ဘာ ၂၉ ရက်နေ့ထဲက ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပြီး သီတင်းနှစ်ပတ်အကြာမှာ ရရှိခဲ့တာ ဖြစ်ပါတယ်။ ခလရ (၁၂၃) စခန်းကို KIA က သိမ်းပိုက်ခဲ့တဲ့ သတင်းကို ဒီနေရာမှာ ဖတ်ပါ။

စစ်တပ်ဘက်ကတော့ TNLA နဲ့ အပစ်ရပ်ထားပြီး စခန်းသိမ်းခံရတာ မရှိဘူးလို့ ဝါဒဖြန့်ချီမှုတွေ ရှိခဲ့ပြီး စခန်းသိမ်းပိုက်ခံလိုက်ရချိန်မှာ တိုက်ပွဲပြင်းထန်နေဆဲ သိမ်းခံရခြင်း မရှိဘူးလို့ ထပ်မံ ရေးသားဖြန့်ဝေလာခဲ့တာ ဖြစ်ပါတယ်။ ခလရ (၁၂၃) ဟာ ညဘက်ထဲက သိမ်းခံထားရပြီး နောက်တစ်ရက် နေ့ခင်းပိုင်းမှာ စခန်းမကျသေးဘူးလို့ ဝါဒဖြန့်ထားတာ ဖြစ်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့အဖွဲ့တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာတော့ စစ်ကောင်စီအတွက် ဝါဒဖြန့်ပေးနေတဲ့ တယ်လီဂရမ်ချန်နယ်တွေ၊ မည်သူမည်ဝါမှန်းဖော်ပြထားခြင်းမရှိတဲ့ ဖေ့စ်ဘွတ်အကောင့်တွေ ဖြစ်တာကို တွေ့ရပြီး စစ်ကောင်စီကို ထောက်ခံအားပေးတဲ့ ဝါဒဖြန့်သတင်းတွေ သတင်းအမှားတွေ ဆက်တိုက်ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Related Stories