HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

KIA နဲ့ PDF တွေက မိုးမိတ်စျေးကို မီးရှို့ဖျက်ဆီး သွားတယ်ဆိုတဲ့ သတင်းအတု

KIA နဲ့ ပူးပေါင်း PDF တွေကြောင့် မိုးမိတ်မြို့က စည်ပင်စျေးကြီး မီးလောင်ပြာကျသွားတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 25 Jan 2024 3:13 PM GMT

အဆိုပါ သတင်းအတုကို ဇန်နဝါရီလ ၁၉ ရက်နေ့က လူမှုကွန်ယက်ပေါ်ကို စတင်ဖြန့်ဝေလာကြတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ မိုးမိတ်မြို့က စည်ပင်စျေး မီးလောင်နေတဲ့ Video တစ်ပုဒ်ကို အသုံးပြုထားပြီး “မိုးမိတ်မြို့မစျေးကြီး ကို KIAရင်း ၃၄ နဲ့KPDFများမှ မီးရိူ့မူကြောင့် မီးလောင်ပြာကျ။ မိုးမိတ်မြို့ စည်ပင်စျေးကြီး မီးလောင်ပြာကျ၊ KIA+PDFသူပုန်တွေ ရောက်လာမှဖြစ်တာ၊ စစ်တပ်ကလုပ်တယ်လို့ ပြော ကြအုံးမလား” (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။ တစ်ချို့ရေးသားဖြန့်ဝေမှုတွေမှာတော့ KIA က မိုးမိတ်စျေးကို မီးရှို့သွားတယ်လို့ ဖြန့်ဝေထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ သတင်းအမှားကို Telegram ချန်နယ်တွေအပြင် ဖေ့စ်ဘွတ်အကောင့်တွေနဲ့ပါ ဖြန့်ဝေထားကြပါတယ်။

သတင်းဆန်းစစ်ချက်

KIA နဲ့ ပူးပေါင်း PDF တွေကြောင့် မိုးမိတ်မြို့က စည်ပင်စျေးကြီး မီးလောင်ပြာကျသွားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဇန်နဝါရီလ ၁၉ ရက်နေ့ ည ၈ နာရီဝန်းကျင်မှာ စစ်ကောင်စီနဲ့ KIA နဲ့ ပူးပေါင်း PDF တပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေကြောင်းက ဗုံးတွေကြဲချတဲ့အတွက် မီးလောင်မှု ဖြစ်ပွားခဲ့ရတာ ဖြစ်ပါတယ်။

ရှမ်းပြည်အခြေစိုက် မီဒီယာတွေကလည်း မိုးမိတ်ဒေသခံ တွေကိုဆက်သွယ်ပြီး မီးလောင်တဲ့ဖြစ်စဉ်ကို မေးမြန်းရာမှာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် စျေးမီးလောင်တာဖြစ်ကြောင်း အတည်ပြုထားသလို ဒီ မီးလောင်တဲ့ Video စတင်တဲ့ မိုးမိတ်ဒေသခံ သံဃာတစ်ပါးကလည်း စစ်တပ်က လေကြောင်းကနေ ပစ်ခတ်နေကြောင်း ပြောဆိုထားပါတယ်။


သတင်းအမှားဖြန့်ထားတဲ့အဖွဲ့တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာတော့ စစ်ကောင်စီအတွက် ဝါဒဖြန့်ပေးနေတဲ့ တယ်လီဂရမ်ချန်နယ်တွေ၊ မည်သူမည်ဝါမှန်းဖော်ပြထားခြင်းမရှိတဲ့ ဖေ့စ်ဘွတ်အကောင့်တွေ ဖြစ်တာကို တွေ့ရပြီး စစ်ကောင်စီကို ထောက်ခံအားပေးတဲ့ ဝါဒဖြန့်သတင်းတွေ သတင်းအမှားတွေ ဆက်တိုက်ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Related Stories