HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

စစ်ဆေးရေးဓါတ်ပုံတွေကို လက်နက်ပြ ဓါးပြတိုက်သယောင် ပုံဖျက်ဖြန့်ဝေတဲ့ သတင်းအမှား

ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ခရီးသွားပြည်သူတွေကို လက်နက်ပြ ခြိမ်းခြောက်ပြီး ဓါးပြတိုက်နေတယ်ဆိုတဲ့ သတင်းအတုတွေ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 28 Sep 2023 7:59 AM GMT

အဆိုပါ သတင်းအတုကို စစ်တပ်ထောက်ခံသူ မှိုင်းဝေဆိုတဲ့ Telegram ချန်နယ်ကနေ စက်တင်ဘာလ ၂၁ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။ ဒီသတင်းအမှားထဲမှာ ပျောက်ကြားဝတ်စုံဝတ်ဆင်ပြီး သေနတ်လွယ်ထားတဲ့ အမျိုးသမီးတစ်ချို့က အိမ်စီးကားတွေရဲ့ အတွင်းပိုင်းကို ရှာဖွေနေတဲ့ ဓါတ်ပုံတွေကို အသုံးပြုထားပြီး ဓါတ်ပုံတွေနဲ့အတူ ကယား PDF တွေက ခရီးသွားပြည်သူတွေကို လက်နက်ပြ ခြိမ်းခြောက်ကာ ဓါးပြတိုက်နေကြောင်း၊ ငွေလည်းတောင်းတဲ့အပြင် ကားပေါ်ပါလာတဲ့ ပစ္စည်းတွေကိုလည်း ယူထားလိုက်ကြောင်း၊ ကယား PDF တွေက လမ်းပေါ်တက် ဆက်ကြေးကောက်နေကြောင်း စသည်ဖြင့် ရေးသားထားတာဖြစ်ပါတယ်။

မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ ဒီနေရာဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ သတင်းအတုကို တယ်လီဂရမ်ချန်နယ်တွေအပြင် ဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာနဲ့ လူမှုကွန်ယက်ပေါ် ကူးယူဖော်ပြခြင်း၊ ထပ်ဆင့်မျှဝေမှုတွေလည်းရှိခဲ့ပါတယ်။

သတင်းဆန်းစစ်ချက်

တကယ်တော့ အခုသတင်းအမှားဖြန့်တဲ့ တယ်လီဂရမ်ချယ်နယ်တွေမှာ ဖြန့်ဝေတဲ့ သတင်းမှာပါတဲ့ပုံတွေဟာ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ စက်တင်ဘာလ ၂၁ ရက်နေ့က ဖော်ပြခဲ့တဲ့ ဓါတ်ပုံတွေဖြစ်ပြီး KNDF ရဲ့ အမျိုးသမီး ရဲဘော်တွေဟာ တော်လှန်ရေးမှာ ကိုယ်နိုင်တဲ့နေရာကနေ တစ်ထောင့်တစ်နေရာစီ အမျိူးသားရဲဘော်တွေနဲ့အတူ တစ်သားတည်းပါဝင်နေကြကြောင်း၊ ကျရာတာဝန်ကို အားတက်သရော ပါဝင်နေတဲ့အတွက် အမျိူးသမီးများရဲ့ အခန်းကဏ္ဍကို ပိုမိုမြင့်မားလာစေရန် ရည်ရွယ်ပြီး အမျိူးသမီး ရဲဘော်လေးတွေရဲ့ လှုပ်ရှားမှူပုံရိပ် တစ်ချို့ကို မှတ်တမ်းတင် ဂုဏ်ပြုကြောင်း ဖော်ပြထားတဲ့ ဓါတ်ပုံတွေ ဖြစ်ပါတယ်။

ဒီဓါတ်ပုံတွေကို ကူးယူပြီးစစ်ကောင်စီထောက်ခံသူတွေက ကယား PDF တွေ ဓါးပြတိုက်၊ ဆက်ကြေးကောက်နေတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပုံဖျက်ရေးသားထားတာဖြစ်ပြီး ၎င်းတို့ရေးသားတဲ့ပို့စ်မှာ ပါဝင်တဲ့ဆက်ကြေးကောက်တယ် ဓါးပြတိုက်တယ်ဆိုတဲ့အချက်အလက်တွေနဲ့ပတ်သက်လို့တော့ ခိုင်လုံတဲ့ သက်သေအထောက်အထား၊ အမှန်တကယ်ကြုံတွေ့ရသူတွေထံက ရတဲ့ အချက်အလက်တွေပါဝင်ခြင်း မရရှိပါဘူး။

KNDF က တင်ထားတဲ့ အဆိုပါ ဓါတ်ပုံတွေ ပါဝင်တဲ့ မူရင်းပိုစ့်ကို ဒီနေရာမှာ ကြည့်ပါ။


သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်းမရှိတဲ့ ဖေ့စ်ဘွတ်အကောင့်တွေ ဖြစ်တာကို တွေ့ရပြီး စစ်ကောင်စီကို ထောက်ခံအားပေးတဲ့ ဝါဒဖြန့်သတင်းတွေ၊ သတင်းအမှားတွေ မကြာခဏဖြန့်နေတာကို တွေ့ရပါတယ်။


 


 


Related Stories