သတင်းအတု

ဒေါ်အောင်ဆန်းစုကြည် ကို ပြန်မလွတ်ရင် စစ်ရေးအရ အရေးယူမယ်လို့ ဒေါ်နယ်ထရမ့် ပြောတယ်ဆိုတဲ့ သတင်းအတု

ဒေါ်အောင်ဆန်းစုကြည် ကို ပြန်မလွတ်ရင် စစ်ရေးအရ အရေးယူမယ်လို့ ဒေါ်နယ်ထရမ့် ပြောတယ်ဆိုတဲ့ သတင်းအတု တစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 28 Nov 2024 9:48 PM IST

ဒေါ်အောင်ဆန်းစုကြည် ကို ပြန်မလွတ်ရင် စစ်ရေးအရ အရေးယူမယ်လို့ ဒေါ်နယ်ထရမ့် ပြောတယ်ဆိုတဲ့ သတင်းအတု

အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက နိုဝင်ဘာလ ၂၈ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၂ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ ဒီ Video ရဲ့ နောက်ခံမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓါတ်ပုံရယ်၊ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် ရဲ့ ဓါတ်ပုံရယ်၊ ဒေါ်နယ်ထရမ့် ဓါတ်ပုံနဲ့ သတင်းကြေညာသူ တစ်ဦး ပါဝင်တဲ့ ဓါတ်ပုံတွေကို သုံးထားပြီး ဓါတ်ပုံပေါ်မှာ “သမ္မတ ဒေါ်နယ်ထရမ့် တောင်းဆိုမှုကြီး။ ဒေါ်စုကို မလွှတ်ရင် စစ်ရေးနဲ့ အရေးယူမယ်လို့ပြော၊ ၃ မိနစ် မကြာဘူး ရာသက်ပန် လွှတ်ငြိမ်းခွင့် ရပြီ” (မူရင်း ရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ သတင်းအတုကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ ၇၂၀၀၀ ကျော် ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

ဒေါ်အောင်ဆန်းစုကြည် ကို ပြန်မလွတ်ရင် စစ်ရေးအရ အရေးယူမယ်လို့ ဒေါ်နယ်ထရမ့် ပြောတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက နေပြည်တော် အချုပ်ထောင်မှာ ဖမ်းဆီးထားဆဲဖြစ်ပြီး ဒေါ်နယ်ထရမ့်က တစ်စုံတစ်ရာ ပြောဆိုထားခြင်း မရှိပါဘူး။။ ဒီအကြောင်းအရာဟာ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။

သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Related Stories