HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဒီပဲယင်း PDF က ကျေးရွာတွေမှာ နွားအကောင် ၃၀၀ ဓါးပြတိုက်တယ်ဆိုတဲ့ သတင်းအတု

ဒီပဲယင်း PDF တွေက ရိက္ခာပြတ်တောက်လာလို့ ကျေးရွာနေပြည်သူတွေရဲ့ နွားအကောင် ၃၀၀ ကို ဓါးပြတိုက်သွားတယ်ဆိုတဲ့ သတင်းအမှားတွေ ဖြန့်ဝေထားပါတယ်။

By - Boom Live Myanmar | 9 Oct 2023 5:13 PM GMT

အဆိုပါ သတင်းအမှားကို စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တစ်ခုဖြစ်တဲ့ မှိုင်းဝေချန်နယ် က အောက်တိုဘာလ ၂ ရက်နေ့ ညနေ ၅ နာရီ ၂၅ မိနစ်မှာ ဖြန့်ထားတာ ဖြစ်ပါတယ်။ ဒီသတင်းအမှားကို ဖြန့်ဝေရာမှာ နွားလှည်းတစ်စီးနဲ့ အထုပ်အပိုးသယ်ထားသူတွေ ပါဝင်တဲ့ ဓါတ်ပုံကို အသုံးပြုထားပြီး ဓါတ်ပုံနဲ့အတူ “PDFများမှ နွားများကို ဓါးပြတိုက်ယူဆောင်သွား” ဆိုတဲ့ ခေါင်းစဉ်ကို တပ်ထားပါတယ်။

သတင်းအမှား အတွင်းမှာတော့ ဒီပဲယင်း PDF တွေက ရိက္ခာပြတ်လပ်လာတဲ့အတွက် တိုက်ပွဲရှောင်ပြည်သူတွေရဲ့ နွားတွေကို သတ်ဖြတ်စားသောက်ဖို့ လက်နက်နဲ့ ခြိမ်းခြောက်ပြီး ဓါးပြတိုက်ကာ အဓမ္မယူဆောင်သွားကြောင်း ယခင်လည်း နွားအကောင် ၃၀၀ လောက် ဓါးပြတိုက်သွားတဲ့အတွက် စစ်တပ်က ပြန်လည်ကယ်တင်ပေးခဲ့တယ်လို့ ရေးသားထားပါတယ်။

မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ သတင်းအတုကို စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေအပြင် ဖေ့စ်ဘွတ်အကောင့်တွေနဲ့လည်း လူမှုကွန်ယက်ပေါ် ဖြန့်ဝေမှုတွေရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

ဒီပဲယင်း PDF တွေက ရိက္ခာပြတ်လပ်လို့ တိုက်ပွဲရှောင်ပြည်သူတွေရဲ့ နွားတွေကို သတ်ဖြတ်စားသောက်ဖို့ လက်နက်နဲ့ ခြိမ်းခြောက်ပြီး ဓါးပြတိုက်သွားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

သတင်းအမှားဖြန့်သူတွေ သုံးထားတဲ့ ဓါတ်ပုံတွေဟာ ဒီပဲယင်း က စစ်ရှောင်တွေရဲ့ ဓါတ်ပုံသာ ဖြစ်ပါတယ်။ မူရင်းဓါတ်ပုံဟာ အောက်တိုဘာလ လဆန်းပိုင်းမှာ စစ်ကောင်စီတပ်တွေက စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ဒီပဲယင်းမြို့ကို စစ်ကြောင်းထိုးစဉ်က ကျေးရွာ (၈) ရွာက ပြည်သူ ၅၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရတဲ့ ဓါတ်ပုံသာ ဖြစ်ပါတယ်။

ဒီစစ်ရှောင်တွေရဲ့ ဓါတ်ပုံတွေကို အသုံးပြုပြီး PDF တွေက ရိက္ခာပြတ်လပ်လို့ ဓါးပြတိုက်တယ်လို့ ဖြန့်ဝေထားတာဖြစ်ပြီး နွားအကောင်သုံးရာကို ဘယ်ရွာ၊ ဘယ်ဒေသတွေမှာ၊ ဘယ်အချိန်က ဓါးပြတိုက်တယ်ဆိုတဲ့ တိကျခိုင်လုံတဲ့ အချက်အလက်မျိုးတော့ ထည့်သွင်းရေးသားထားတာမရှိပါဘူး။ မူရင်းသတင်းဖြစ်စဉ်ဖြစ်ပွားစဉ်က ခေတ်သစ်သတင်းမှာ ဖော်ပြထားတဲ့ ဒီပဲယင်းမြို့နယ် ကျေးရွာ (၈) ရွာက ပြည်သူတွေ စစ်ရှောင်နေတဲ့ သတင်းနဲ့ ဓါတ်ပုံတွေကို ဒီနေရာမှာ ကြည့်ပါ။

သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဘယ်သူဘယ်ဝါမှန်း ဖော်ပြထားခြင်းမရှိတဲ့ ဖေ့စ်ဘွတ်အကောင့်တွေ ဖြစ်တာကို တွေ့ရပြီး ဒီအကောင့်တွေကနေ စစ်ကောင်စီကို ထောက်ခံအားပေးတဲ့ ဝါဒဖြန့်သတင်းတွေ၊ သတင်းအမှားတွေ မကြာခဏဖြန့်နေတာကို တွေ့ရပါတယ်။

Related Stories