HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဒေါ်အောင်ဆန်းစုကြည် အရေးပေါ် ဆေးရုံတင်ထားရတယ်ဆိုတဲ့ သတင်းအတု

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေ စိုးရိမ်ရလို့ အရေးပေါ် ဆေးရုံတင်ထားရတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 28 Dec 2023 1:15 PM GMT

အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓါတ်ပုံရယ်၊ သတင်းကြေညာသူတစ်ဦးရဲ့ ဓါတ်ပုံကို ဖော်ပြထားပြီး ဓါတ်ပုံပေါ်မှာ “သတင်းဆိုး၊ မျက်ရည်ဆို့မိတယ်။ အမေစု ဆေးရုံ အရေးပေါ်တင်ထားရ။ အခြေအနေ စိုးရိမ်ရ(ရုပ်/သံ)” (အသုံးအနှုန်း မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ Video ကို ၁ ရက်အတွင်း YouTube ပေါ်မှာ Like လုပ်ထားသူ ၄၀၀ နီးပါးနဲ့ ဝင်ရောက်ကြည့်ရှုထားသူ ၂၈၀၀၀ ကျော် ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေ စိုးရိမ်ရလို့ အရေးပေါ် ဆေးရုံတင်ထားရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အရေးပေါ် ဆေးရုံတင်ထားရခြင်း မရှိပါဘူး။ လက်ရှိမှာတော့ သူမရဲ့ အမှုတွေကို အယူခံ ထပ်မံပယ်ချခံထားရပြီး နေပြည်တော် အချုပ်ထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်။ ဒေါ်စု ဟာ သွားဖုံးဝေဒနာ ခံစားနေရပြီး ပြင်ပြဆရာဝန်နဲ့ တွေ့ဆုံကုသဖို့ တောင်းဆိုထားတာလည်း ပယ်ချခံထားရပါတယ်။ ဒါပေမယ့် ကျန်းမာရေးအခြေအနေတော့ တိုးတက်ကောင်းမွန်လာတယ်လို့ သိရပြီး၊ ဘယ်လောက်အတိုင်းအတာထိ တိုးတက်ကောင်းမွန်လာလဲ ဆိုတာတော့ သိရှိရခြင်း မရှိပါဘူး။ သတင်းအမှားဖြန့်သူတွေက ၎င်းတို့ Video ကို ဝင်ရောက်ကြည့်ရှုသူများအောင် လိမ်ညာထားခြင်းသာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန ၊ မည်သည့်အဖွဲ့အစည်းကမှ ဖော်ပြထားခြင်း မရှိပါဘူး။ သတင်းအမှားဖြန့်သူတွေက လုပ်ကြံဖန်တီးထားခြင်းသာ ဖြစ်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန် ရအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Related Stories