HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဒေါ်အောင်ဆန်းစုကြည်နေရာ လူစားထိုးထားတယ်ဆိုတဲ့ သတင်းအတု

လူမှုကွန်ယက်ပေါ်မှာ NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို တခြားတစ်ယောက်နဲ့ အစားထိုးထားတယ်ဆိုတဲ့ သတင်းအမှားတွေ မကြာခဏ ထွက်ပေါ်လာလေ့ရှိပါတယ်။

By - Boom Live Myanmar | 28 Nov 2020 7:22 AM GMT

အဲ့ဒီအကြောင်းအရာဟာ စက်တင်ဘာလ ခန့်က လူမှုကွန်ယက်ပေါ် ဖေ့စ်ဘွတ်အကောင့်တုတွေနဲ့ ဖြန့်ဝေခဲ့ကြသလို ရွေးကောက်ပွဲအပြီး နိုဝင်ဘာလ နှောင်းပိုင်းရက်တွေမှာ ပြန်လည်ဖြန့်ဝေမှုတွေ တွေ့ရပါတယ်။

ဒီရက်ထဲမှာပဲ သာကီမျိုး သာကီမျိုး ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ဟာ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ဒီအကြောင်းအရာကို ရေးသားဖြန့်ဝေတာ ဖြစ်ပြီး အဲ့ဒီ သတင်းအမှားထဲမှာ "ဦးထင်ကျော် သမ္မတလက်ထက်အထိ ဒေါ်စုဟာအစစ်ပါ။ ဒေါ်စုပြင်ပနိုင်ငံခရီးစဉ် စတင်ထွက်ခွာသောအချိန်က စတင်ခဲ့သော ပြောင်လဲမှုကြီးတစ်ရပ်ပါ။ ဒေါ်စုအင်္ဂလန် သူမ၏သားငယ်နှင့် တွေ့ချိန်ကစတင်ခဲ့သော လူစားထိုးဖြစ်ရပ်ပါ။ အကြောင်းမှာ CIA အမေရိကန် အခြေဆိုက် အထူးထောက်လှန်ရေးအဖွဲ့မှ စတင်လှုပ်ရှာခဲ့သောဖြစ်ရပ်တစ်ခုပါ။ ဒေါ်စုနေရာမှာအစားထိုးရန် ဒေါ်အေစီယာကို စတင်CIAကနေတွေ့ရှိခဲ့ပါတယ်။ ဒေါ်အေစီယာသည် မြန်မာနိုင်ငံသားဖြစ်ပြီ သူမ၏ မွေးရပ်မြေဟာ မိုးမိတ်မြို့စည်ပင်လမ်းထောင့်ဇာတိဖြစ်ပီ ဂျပန်နိုင်ငံသားအဖြစ်ခံယူထားသူဖြစ်၏ သူမကို ဒေါ်စုနှင့်ရုပ်ရောအသံပါ တူလွန်လို့ခွဲလို့မရအောင်CIAအထူအဖွဲ့က အသုံးချဖို့စတင်လုပ်ဆောင်ခဲ့ရာ သူမကို ဒေါ်စု၏ အသေးစိတ် အမူအကျင့်တွေ အသုံးအနူန်းကအစလေးကျင့်ပေးခဲ့သည်။ ဒေါ်စုအင်္ဂလန်သို့ မရောက့်ခင်မှာ သူ၏သားငယ်ကို ဆေးအမှု့နှင့် စတင်း အကြောင်းရှာပြီ အရေးယူမှုတွေစတင်လုပ်ခဲ့သည်။ ဒေါ်စုအင်္ဂလန်သို့သားငယ်နှင့်တွေ့ဆုံးဖို့တောင်ဆိုခဲ့ရာ CIAဘက်က သဘောတူညီပြီ" (သတ်ပုံ မူရင်းအတိုင်း) လို့ ရေးသားထားပါတယ်။ အဲ့ဒီ သတင်းအမှားရဲ့ နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားအငယ် ပြန်လည်လွတ်မြောက်လိုပါက ဒေါ်အောင်ဆန်းစုကြည်နေရာမှာ တစ်ပုံစံတည်းတူသည့် ဒေါ်အေစီယာ ဆိုသူကို အစားထိုးပေးရမယ်လို့ CIA နဲ့ သဘောတူညီမှု ပြုလုပ်ခဲ့တယ်လို့ ရေးသားထားပါတယ်။

မူရင်းရေးသားမှု အပြည့်အစုံကို ဒီမှာ ကြည့်ပါ။

သတင်းဆန်းစစ်ချက်

လူမှုကွန်ယက်ပေါ်မှာ ရေးသားဖြန့်ဝေထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နေရာမှာ တခြားတစ်ယောက်နဲ့ အစားထိုးဖို့ CIA နဲ့ သဘောတူ ထားတယ်ဆိုတဲ့ အကြောင်းအရာဟာ တကယ်တော့ လူတွေထင်ယောင်ထင်မှားဖြစ်စေဖို့ လုပ်ကြံဖန်တီးထားတဲ့အကြောင်းအရာသက်သက်သာဖြစ်သလိုဇာတ်လမ်းဆင်ရေးသားထားတာသာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ စက်တင်ဘာလ ခန့်ကကလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ တခြားတစ်ယောက်နဲ့ အစားထိုးထားတယ်ဆိုတဲ့ သတင်းအမှားများစွာ ထွက်ပေါ်ခဲ့သလို ကိုရီးယားနိုင်ငံကို ထွက်ပြေးဖို့ ကြံနေပြီဆိုတဲ့ သတင်းအမှားတွေ များစွာလည်း ထွက်ပေါ်ခဲ့ပါတယ်။ ဒီလို လူစားထိုးထားတယ် ဆိုတဲ့ အကြောင်းအရာတွေဟာ မကြာခဏ ထွက်ပေါ်လာလေ့ရှိတဲ့ သတင်းအမှားတွေသာ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေး အတွင်းရေးမှူး မုံရွာအောင်ရှင်က Boom Myanmar ကို ပြောပါတယ်။

အဆိုပါရေးသားဖြန့်ဝေထားတာနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က "လူစားလဲတယ်တယ်ဆိုတာ အခြေအမြစ်မရှိတဲ့ လုပ်ကြံသတင်းတွေပါ။ ဒီလို သတင်းအမှားတွေ သတင်းအတုတွေ လုပ်ကြံသတင်းတွေက တစ်လျှောက်လုံးပေါ်ပေါက်နေမှာပဲ။ အထူးသဖြင့် NLD တောင်ပြိုကမ်းပြို မိုးကြီးပြိုသလို အနိုင်ရတဲ့အပေါ်မှာ ဘယ်လိုမှ ကြိတ်မနိုင်ခဲမရ ဖြစ်ပြီးတော့ ဒီလိုပဲ နှောင့်ယှက် နေကြမှာပဲ။ ရှုံးတဲ့ ပါတီတွေအနေနဲ့ ရွေးကောက်ပွဲကော်မရှင်ကို အပြစ်ဆိုလိုက် NLD ပါတီအပေါ်မှာ အပြစ်ဆိုလိုက်နဲ့ပေါ့လေ တစ်လျှောက်လုံး လုပ်လာကြမှာပဲ။ အဲ့ဒါတွေက ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူး။ ပြည်သူလူထုရဲ့ ဒဏ်ခတ်တာကိုပဲ ခံရမယ်။ အဲ့ဒါပဲ ပြောချင်ပါတယ်" လို့ မှတ်ချက်ပေးပါတယ်။

Related Stories