HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

နေပြည်တော် ထောင်ခါလို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ပြန်လွတ်ပြီဆိုတဲ့ သတင်းအတု

နေပြည်တော်မှာ ထောင်ခါလိုက်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ပြန်လည်လွတ်မြောက်ပြီဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 29 May 2023 7:48 AM GMT

အဆိုပါ သတင်းအတုကို Bestss Videos ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က မေလ ၂၆ ရက်နေ့ ညနေပိုင်းမှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၂၈ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံဓါတ်ပုံပေါ်မှာ လူတွေအများကြီးပါဝင်တဲ့ ဓါတ်ပုံကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “အမေစုချိန်ထားတဲ့ ပစ်မှတ်မှန်သွားပြီဟေ့။ နေပြည်တော် ထောင်ခါပလိုက်ပြီ။ အမေစုနဲ့ သမ္မတကြီး ထောင်ထဲက လွှတ်မြောက်” (မူရင်း ရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို  ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ Video ကို Like လုပ်ထားသူ နဲ့ ဝင်ရောက်ကြည့်ရှုထားသူ များစွာ ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

နေပြည်တော် ထောင်ခါလို့ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်ပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

နေပြည်တော်မှာ စစ်ကောင်စီက ထောင်ခါခြင်းလည်းမရှိသလို ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးလည်း ပြန်လည်လွတ်မြောက်လာခြင်း မရှိပါဘူး။ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ဖြစ်ပါတယ်။

ဒါ့အပြင် သတင်းအမှားဖြန့်သူတွေ တင်ထားတဲ့ Video အတွင်းမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ ခေတ်သစ် သတင်းဌာနက ဖော်ပြထားတဲ့ Video တစ်ပုဒ်ကို ၎င်းတို့ Logo ပြောင်းတပ်ကာ ပြန်လည် ဖြန့်ဝေထားတာဖြစ်ပြီး တစ်ခြား သတင်းအကြောင်းအရာတွေ စစ်ရေးသတင်းတွေကိုသာ ဖော်ပြထားပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Related Stories