HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

1027 စစ်ဆင်ရေး ပြန်စမယ်လို့ မဟာမိတ်အဖွဲ့တွေ ကြေညာတယ်ဆိုတဲ့ သတင်းအတု

1027 စစ်ဆင်ရေး ပြန်စမယ်လို့ မဟာမိတ်အဖွဲ့တွေ ကြေညာတယ်ဆိုတဲ့ သတင်းအတု ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 30 Sept 2026 7:47 AM IST

အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက စက်တင်ဘာလ ၂၉ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၂၃ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ ဒီ Video ရဲ့ နောက်ခံမှာ”၁၀၂၇ စစ်ဆင်ရေး နောက်တစ်လှိုင်း ပြန်စမယ်လို့ မဟာမိတ်အဖွဲ့ကြေညာ။ အကြမ်းဖက်စစ်တပ်ကို အမြစ်ဖြတ်ချေမှုန်းဖို့ ၁၀၂၇ စစ်ရေးပြန်စပြီ။ မန္တလေးနဲ့ နေပြည်တော်ကို အလုံးအရင်းနဲ့ တိုက်ကြပြီ” (မူရင်း ရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်း ရေးသား ဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ သတင်းအတုကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ များစွာ ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

1027 စစ်ဆင်ရေး ပြန်စမယ်လို့ မဟာမိတ်အဖွဲ့တွေ ကြေညာတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

ဒီရက်ပိုင်းအတွင်း 1027 စစ်ဆင်ရေး ပြန်စမယ်လို့ မဟာမိတ်အဖွဲ့တွေ ကြေညာတယ်ဆိုတဲ့ ဖြစ်စဉ် မရှိသေးပါဘူး။ ဒီအကြောင်းအရာဟာ သတင်းအမှား ဖြန့်သူတွေက လုပ်ကြံ ရေးသားထားခြင်းသာ ဖြစ်ပါတယ်။

ဒါ့အပြင်ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်း မရှိသလို သတင်းအမှား ဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။

သတင်းအမှား ဖြန့်ထားတဲ့ အဖွဲ့ကိုဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကိုတွေ့ရပါတယ်။

Related Stories