HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

မန္တလေးမြို့ကို PDF အင်အား နှစ်သောင်းချီတက်လာပြီဆိုတဲ့ သတင်းအတု

မန္တလေးမြို့ကို PDF အင်အား နှစ်သောင်း ချီတက်လာပြီဆိုတဲ့ သတင်းအတု တစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 28 Aug 2023 4:20 AM GMT

အဆိုပါ သတင်းအတုကို WV news ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဩဂုတ်လ ၁၅ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ “အားလုံးအတွက် အရေးကြီးတဲ့ သတင်းပါ” လို့ ရေးသားပြီး ဓါတ်ပုံတစ်ပုံရယ် Website တစ်ခုရဲ့ link နဲ့ တွဲပြီးဖြန့်ထားပါတယ်။ ၎င်းဓါတ်ပုံဟာ DVB သတင်းဌာနက သတင်းကြေညာနေသူ တစ်ဦးနဲ့ မီးခိုးတွေ ထွက်နေတဲ့ တိုက်အိမ်တစ်လုံးပါဝင်ပြီး ဓါတ်ပုံပေါ်မှာ “အခုပဲ မန္တလေးမှာ ဖြစ်သွားတာ၊ တစ်မြို့လုံး တုန်လှုပ်နေကြပြီ၊ PDF တပ်သား ၂၀၀၀၀ ကျော်လည်း ချီတက်လာပြီ” (မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ သတင်းအတုကို တစ်ခြားဖေ့စ်ဘွတ်ပေ့ချ်တွေကလည်း ဖြန့်ဝေထားကြပါတယ်။

သတင်းဆန်းစစ်ချက်

မန္တလေးမြို့ကို PDF အင်အား ၂၀၀၀၀ ကျော် ချီတက်လာပြီလို့ ဖြန့်ထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

မန္တလေးမြို့ကို စစ်ကောင်စီက လက်ရှိအချိန်ထိ ထိန်းချုပ်ထားဆဲဖြစ်ပြီး PDF တွေ အင်အားအများအပြားနဲ့ လာရောက်တိုက်ခိုက်နိုင်ခြင်း မရှိသလို အင်အား ၂၀၀၀၀ နဲ့ ချီတက်လာခြင်းလည်း မရှိပါဘူး။ သတင်းအမှားဖြန့်သူတွေက ၎င်းတို့ Website Link ကို ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသား ထားခြင်းသာ ဖြစ်ပါတယ်။

ဒါ့အပြင် Website Link ထဲမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ တစ်ခြား အကြောင်းအရာတွေကိုသာ ဖော်ပြထားပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ Page ကို စစ်ဆေးကြည့်တဲ့အခါမှာ ၎င်းတို့ပေးထားတဲ့ Website Link ကို Click နှိပ်ပြီး ဝင်ရောက်ကြည့်ရှုသူများအောင် ပြုလုပ်ထားကာ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေ ပြန်ရှာနေတဲ့ Clickbait သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Related Stories