HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

စစ်ကောင်စီဝန်ကြီးတွေ အစည်းအဝေးထဲ စကားများပြီး ဓါးထိုးမှုဖြစ်လို့ ၂ ဦသေဆုံး ဆိုတဲ့ သတင်းအတု

နေပြည်တော်မှာ စစ်ကောင်စီဝန်ကြီးတွေ အစည်းအဝေးပြုလုပ်နေစဉ် အချင်းချင်းစကားထများပြီး ဓါးထိုးမှုဖြစ်လို့ ၂ ဦးသေဆုံးသွားတယ်ဆိုတဲ့ သတင်းအတုတွေ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 22 May 2023 3:32 PM GMT

အဆိုပါ သတင်းအတုကို HD Videos ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က မေလ ၁၉ ရက်နေ့ ညနေပိုင်းမှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁၀ မိနစ်ခွဲခန့် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာဖြစ်ပါတယ်။ ၎င်း Video ထဲမှာ ခန်းမတစ်ခုထဲ လူများစွာ ထိုင်နေကြတဲ့ဓါတ်ပုံတစ်ပုံကို နောက်ခံအဖြစ်သုံးထားပြီး ပုံအပေါ်မှာ "နေပြည်တော်အစည်းအဝေးထဲ ဝန်ကြီးအချင်းချင်း စကားထများရာမှ အပြန်လမ်းမှာ ဓါးထိုးမှုဖြစ်လို့ (၂) ဦးသေ” လို့ ရေးသားထားပါတယ်။ လူမှုကွန်ယက်ပေါ်ဖြန့်ဝေရာမှာလည်း အဆိုပါ အတိုင်းရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ Video ကို ဖေ့စ်ဘွတ်ပေါ်မှာနဲ့ YouTube ပေါ်မှာ ဖြန့်ဝေထားကြပြီး ဝင်ရောက်ကြည့်ရှုသူများစွာ ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

နေပြည်တော်အစည်းအဝေးထဲမှာ ဝန်ကြီးအချင်းချင်း ဓါးထိုးမှုဖြစ်ပြီး ၂ ဦးသေ ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

သတင်းအမှားဖြန့်သူတွေ ဖော်ပြထားတဲ့ အကြောင်းအရာဟာ မည်သည့်မီဒီယာ မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို စစ်ကောင်စီဝန်ကြီးတွေကြားမှာလည်း ဒီလို ဖြစ်စဉ်ဖြစ်ပွားထားခြင်း မရှိပါဘူး။ သတင်းအမှားဖြန့်သူတွေက ၎င်းတို့ သတင်းကို ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။

ဒါ့အပြင် သတင်းအမှား Video ထဲမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ Video အတွင်းမှာ တစ်ခြားသတင်းအကြောင်းအရာတွေ တစ်ခြားစစ်ရေး သတင်းတွေကိုသာ ဖော်ပြထားပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Related Stories