HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

NUG က လုပ်ကြံမယ့်စာရင်းအဖြစ် စစ်တပ်ထောက်ခံသူတွေ ထပ်မံဖြန့်ဝေနေတဲ့ သတင်းအတု

ဒီရက်ပိုင်းအတွင်းမှာ NUG က ပြုလုပ်ထားတဲ့ လုပ်ကြံသတ်ဖြတ်မယ့် စာရင်း ပေါက်ကြားတယ်ဆိုပြီး စစ်ကောင်စီထောက်ခံသူတွေက သတင်းအမှားတွေ ထပ်မံဖြန့်ဝေခဲ့ပါတယ်။

By - Boom Live Myanmar | 16 Nov 2021 4:22 PM GMT

အဆိုပါ သတင်းအမှားကို ဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာနဲ့ ဒီရက်ပိုင်းအတွင်း ဖြန့်ဝေခဲ့ကြတာဖြစ်ပြီး ၎င်းသတင်းအမှားရဲ့ ခေါင်းစင်မှာ "NUG က လုပ်ကြံမည့်စာရင်း ပေါက်ကြား" လို့ ရေးသားထားပါတယ်။ သတင်းအမှားမှာ ရေးသားထားတဲ့ လုပ်ကြံသတ်ဖြတ်မယ့် စာရင်းမှာတော့ "သီတဂူဆရာတော်ဘုရားကြီး၊ ပါချုပ်ဆရာတော်ဘုရားကြီး၊ ဦးခင်ရွှေ၊ ခန့်စည်သူ၊ ဒေါ်နွဲ့နွဲ့စန်း၊ ကိုကိုကြီး၊ သူရ‌‌ရွှေမန်း အပါအဝင်တစ်ရာကျော်စာရင်း နိုင်ငံတကာသံတမန်ထံပေါက်ကြား" လို့ ရေးသားထားပါတယ်။

မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာဒီနေရာ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။

အဆိုပါ သတင်းအမှားကို စစ်ကောင်စီထောက်ခံတဲ့ ဖေ့စ်ဘွတ်အကောင့် ရာပေါင်းများစွာက လူများတဲ့ Group တွေထဲကို ဖြန့်ဝေပြီးဖော်ပြနေသလို ကူးယူဖော်ပြနေသူပေါင်း များစွာလည်း ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

NUG က လုပ်ကြံသတ်ဖြတ်မယ့် စာရင်း ပေါက်ကြားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝါဒဖြန့်ဖို့ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားဖြစ်တာကို တွေ့ရပါတယ်။

၎င်းတို့ ပြည်တွင်းမှာ ထပ်မံဖြန့်ဝေနေတဲ့ လုပ်ကြံသတ်ဖြတ်မယ့်စာရင်းဟာ သံတမန်အသိုင်းအဝိုင်းကို ဖြန့်ဝေထားတဲ့ နာမည်စာရင်းနဲ့ လွဲနေပါတယ်။ Mratt's Channel မှာ ဖော်ပြထားတဲ့သတင်းထဲမှာ "ငြိမ်းချမ်းရေးအကျိုးတော်ဆောင် တစ်ဦးဖြစ်သူ ဦးအောင်နိုင်ဦးက သံအမတ်တစ်ဦးထံသို့ လိပ်မူ၍ "NUG/PDF က လှမောင်ရွှေ၊ အောင်နိုင်ဦးနှင့် မင်းဇော်ဦးတို့အပေါ် အသက်အန္တရယ်ခြိမ်းခြောက်မှု" ဟု ခေါင်းစဉ်တပ်ကာ နိုဝင်ဘာ ၈ က သံတမန်တစ်ဦးထံ ပေးပို့ခဲ့ခြင်းဖြစ်သည်။" လို့ ရေးသားထားပါတယ်။

Mratt's Channel က ရေးသားထားတဲ့ သတင်းကို ဒီမှာ ဖတ်ပါ။

ဒါပေမယ့် အခုသတင်းအမှားထဲမှာတော့ ပြည်တွင်းမှာ နေထိုင်တဲ့ ဘာသာရေးခေါင်းဆောင်တွေနဲ့ လူပုဂ္ဂိုလ်တွေနာမည်နဲ့ ထပ်မံဖြန့်ဝေနေတာ တွေ့ရတဲ့အတွက် ဘာသာရေးသွေးထိုးလှုံ့ဆော်မှုပါ ပြုလုပ်ထားတာကို တွေ့ရပါတယ်။နိုဝင်ဘာလ ၁၀ ရက်နေ့မှာ NUG ရဲ့ လုပ်ကြံသတ်ဖြတ်မယ့် စာရင်းဆိုပြီး နိုင်ငံတကာ သံတမန်တွေက လာရောက်မေးမြန်းကြောင်း အဆိုပါ သတင်းဟာ သတင်းအမှားသာ ဖြစ်တယ်လို့ ဒေါက်တာဆာဆာက ၎င်းရဲ့ Twitter စာမျက်နှာပေါ် ရေးသားထားပါတယ်။

ဒေါက်တာဆာဆာ ရေးသားထားတာနဲ့ ပတ်သက်တဲ့ အကြောင်းအရာကို VOA သတင်းဌာနဖော်ပြထားတဲ့ သတင်းကို ဒီမှာ ကြည့်ပါ။ဒါ့အပြင် VOA သတင်းဌာနက နိုင်ငံခြားရေးရာဝန်ကြီး ဒေါ်ဇင်မာအောင်ကို အဆိုပါ သတင်းနဲ့ ပတ်သက်ပြီး ထပ်မံအင်တာဗျူးထားရာမှာ ဒေါ်ဇင်မာအောင်က အဆိုပါ အကြောင်းအရာဟာ သတင်းအမှားဖြစ်တယ်လို့ ထပ်မံဖြေရှင်းထားပါတယ်။

VOA က ဒေါ်ဇင်မာအောင် ကို မေးမြန်းထားတဲ့ သတင်းကို ဒီမှာ ကြည့်ပါ။


Related Stories