HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

မန္တလေးက ဗလီတွေကို ဝင်စစ်တယ်ဆိုတဲ့ သတင်းအမှား

မန္တလေးမြို့မှာရှိတဲ့ ဗလီတွေနဲ့ ပတ်သက်ပြီး ဘာသာရေးသွေးထိုးလှုံ့ဆော်ထားတဲ့ သတင်းအမှားတွေ လူမှုကွန်ရက်မှာရေးသားဖြန့်ဝေမှုတွေရှိနေပါတယ်။

By - Boom Live Myanmar | 4 Nov 2021 9:17 AM GMT

အဆိုပါ သတင်းအမှားကို ခင်နှင်းဆီ ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က နိုဝင်ဘာလ ၃ ရက်နေ့ ညနေ ၄ နာရီ ၂၈ မိနစ်မှာ ရေးသားထားတာဖြစ်ပြီး ၎င်းသတင်းအမှားကို ရေးသားရာမှာ ဖေ့စ်ဘွတ်က ပေးထားတဲ့ Template ပေါ်စာရေးကာ Screen Shot ရိုက်ယူပြီး ပြန်တင်ထားတာ ဖြစ်ပါတယ်။ ၎င်းဖြန့်ထားတဲ့ သတင်းအမှားအတွင်းမှာ "မန်း ဗလီ ၄ လုံး ဝင်စစ်၊ ၂ လုံး ပြန်ခုခံ၊ ပွဲကြမ်း" လို့ ရေးသားထားပါတယ်။ ၎င်းတင်ထားတဲ့ သတင်းအမှားအောက်မှာ ဗလီတွေကို ပိတ်သိမ်းသင့်ကြောင်း၊ ဗလီတွေမှာ လက်နက်တွေ စုထားကြောင်း၊ အမြစ်ပြတ်ရှင်းပစ်သစ်ကြောင်း၊ အကြမ်းဖက်မှုပြုလုပ်နေကြောင်း ဘာသာရေး သွေးထိုးလှုံ့ဆော်တဲ့ Comment တွေ ရေးသားနေကြပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ မှာ ကြည့်ပါ။

အဆိုပါ သတင်းအမှားကို like လုပ်ထားသူ ၆၀၀ ကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူ ၃၀၀ နီးပါးရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

ခင်နှင်းဆီ ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က တင်ထားတဲ့ မန္တလေးမြို့မှာ ဗလီ ၄ လုံးကို ဝင်ရောက် စစ်ဆေးပြီး ဗလီ ၂ လုံးက ပြန်ခုခံလို့ ပွဲကြမ်းနေတယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဘာသာရေး သွေးထိုးလှုံ့ဆော်ထားတဲ့ သတင်းအမှားဖြစ်တာကို တွေ့ရပါတယ်။

မန္တလေးမြို့ခံ အစ္စလာမ် ဘာသာဝင် သတင်းထောက်တစ်ဦးကို Boom Myanmar က ဆက်သွယ်မေးမြန်းကြည့်တဲ့အခါ ဒီလို ဖြစ်စဉ်မျိုး ဖြစ်ပွားခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။ ဒီရေးသားမှုဟာ ဟိုးယခင် မဘသတွေ ဘာသာရေးသွေးထိုးလှုံ့ဆော်ဖို့ ရေးသားလေ့ရှိတဲ့ ပုံစံ ဖြစ်ပြီး အခုချိန် ၎င်းတို့ရေးသားမှုတွေကို ယုံကြည်တဲ့သူ မရှိတော့ဘူးလို့ မှတ်ချက်ပေးပါတယ်။

အဆိုပါ သတင်းအမှားတင်ထားတဲ့ ခင်နှင်းဆီ ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်း မရှိတဲ့ အကောင့်အတု တစ်ခုဖြစ်တာကို တွေ့ရပြီး စစ်ကောင်စီကို ထောက်ခံအားပေးကာ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားသူတွေကို တိုက်ခိုက်ပြီး ဘာသာရေး သွေထိုးလှုံ့ဆော်တဲ့ သတင်းအမှားတွေ ဖြန့်လေ့ရှိတာကို တွေ့ရပါတယ်။

Related Stories